မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်မှာ သြဂုတ် ၂၅ ရက် မနက်ပိုင်းက အကြမ်းဖက် စစ်အုပ်စုပြုတ်ကျရေးနဲ့ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရေးအတွက် ဒေသခံပြည်သူ လူဦးရေရာနဲ့ချီ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
အခြေခံပညာသပိတ်ကော်မတီနဲ့ အနောက်ပိုင်းဇုန်က ဒေသခံပြည်သူရာနဲ့ချီ ပူးပေါင်း ပြီးတော့ ဖက်ဒရယ်နိုင်ငံသစ် အတွက်ဇွဲမလျှော့နဲ့ ဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ကာ အကြမ်းဖက်စစ်အုပ်စု ပြုတ်ကျရေး ကြွေးကြော်သံတွေနဲ့ အတူ ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ သပိတ်ခေါင်းဆောင်တစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။
မြိုင်မြို့နယ်ကဒေသခံပြည်သူတွေအနေနဲ့ အလံမလိပ်အသံမတိတ်ဘဲ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေ နေ့စဥ်ရက်ဆက် ချီတက်ဆန္ဒပြနေပြီးတော့ အကြမ်းဖက် စစ်အုပ်စုကို နည်းလမ်းပေါင်းစုံနဲ့ အမြစ်ပြတ်တော်လှန်သွားမယ်လို့ ဆိုပါတယ်။
အခြေခံပညာ အထွေထွေသပိတ်ကော်မတီအနေနဲ့ အခက်အခဲဖြစ်နေတဲ့ CDM ပညာရေး ဝန်ထမ်းတွေကို ထောက်ပံ့တာတွေလည်း ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။