Live
Home
မြန်မာသတင်း
မြန်မာတွင် တရက်တည်း ကိုဗစ်ပိုးတွေ့လူနာသစ် ၂၅၀၀ ကျော်၊ စုစုပေါင်း ၃၈၀,၀၀၀ ကျော်ရှိလာ
DVB
·
August 26, 2021

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂,၅၀၀ ကျော်နဲ့  ၁၁၅ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၂၅ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကိုတော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ မနေ့က ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၁,၈၆၆ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၂,၅၀၂ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၂၁ ဒသမ ၀၈ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံကဆင်းခွင့်ရသူ အရေအတွက် ကတော့ ၃,၁၈၈ ယောက်ရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့်မို့ လက်ရှိအချိန်ထိ မြန်မာ နိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၄,၇၃၇  ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၈၀,၈၇၉ ယောက် ရှိတာဖြစ်ပါတယ်။

လတ်တလော ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာ သင်ကျောင်းတွေပိတ်ထားသလို ရောဂါကိုထိန်းချုပ်နိုင်ဖို့ အများပြည်သူရုံးပိတ်ရက်အဖြစ် ဩဂုတ် ၃၁ ရက်အထိကိုလည်း တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီက ကြေညာထားပါတယ်။

ဒါ့အပြင်  မြို့နယ်ပေါင်း ၁၀၀ ကျော်ကိုလည်း Stay At Home အမိန့်ထုတ်ပြန်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024