Home
မြန်မာသတင်း
ရေမွန်အမှတ်တရ ကန့်သတ်တီရှပ် iDIOTS အဖွဲ့သားများ လက်မှတ်ထိုးရောင်းချမည်
DVB
·
August 25, 2021

ကွယ်လွန်သူ အဆိုတော် ရေမွန်အမှတ်တရ အကန့်အသတ်နဲ့သာ ထုတ်ဝေတဲ့ တီရှပ်ကို iDIOTS အဖွဲ့သားတွေက ပရိသတ်တွေအတွက် လက်မှတ်ထိုးရောင်းချပေးသွားမယ်လို့ သိရပါတယ်။

ဒီအစီအစဉ်ကိုတော့ Madnest နဲ့ iDIOTS အဖွဲ့တို့ ပူးပေါင်းစီစဉ်လိုက်တာဖြစ်ပြီး မနက်ဖြန် ဩဂုတ် ၂၆ ရက်မှာ တထည်ကို ငွေကျပ် ၁၂,၀၀၀ နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

“26th August ညနေ ၂ နာရီမှ ၄ နာရီထိ iDIOTS အဖွဲ့သားတွေ Madnest မှာ ရှိမယ်!! Remembering Raymond Tshirt တွေကို iDIOTS အဖွဲ့သားတွေက လက်မှတ်ထိုး ပေးသွားမှာပါ။ စျေးနှုန်းကတော့ တစ်ထည်ကို ၁၂,၀၀၀ ကျပ်ဖြစ်ပြီး limited stock ဖြစ်တာ ကြောင့် တစ်ယောက်ကို အများဆုံး ၃ထည်ထိဝယ်ယူလို့ရမှာပါ။”

ကရင် လက်နက်ကိုင် ထိန်းချုပ်နယ်မြေအတွင်း လာရောက်ခိုလှုံကာ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေးအတွက် နိုင်ငံရေး/စစ်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ လူငယ် အဆိုတော် ရေမွန် ခေါ် တွတ်ပီဟာ ဇွန်လ ၂၃ ရက်က အစာအိမ်သွေးကြောပေါက်ပြီး ရုတ်တရက် ကွယ်လွန်ခဲ့ပါတယ်။

       အသက် ၃၂ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ရေမွန်ဟာ အဆိုတော် ခင်မြတ်မွန်ရဲ့ ရင်သွေး၊ အဆိုတော် လပြည့်ကဗျာရဲ့ အစ်ကိုတော်စပ်ပြီး လူငယ်ပရိသတ်တွေကြားမှာ အောင်မြင်တဲ့ တေးရေး၊ တေးဆိုတယောက်အဖြစ် ထင်ရှားသူ ဖြစ်ပါတယ်။    အဆိုတော် ရေမွန်ရဲ့ ဈာပနအခမ်းအနားကိုတော့ ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့က KNU တပ်မဟာ ၆ ဘဲဟိကလော် ကျေးရွာသုဿန်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ဒေသတွင်း တေး ချစ်သူ ပရိသတ်တွေ၊ မိသားစုဝင်တွေနဲ့ မိတ်ဆွေတော်လှန်ရေး ရဲဘော်ရဲဘက်တွေ စုစု ပေါင်း ၂၀၀ နီးပါး လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024