ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့က လျှပ်စစ်နေစားဝန်ထမ်း ကိုချပ်ပြားကို ရဲတစ်ဦးက ဩဂုတ် ၂၄ ရက်နေ့ည ၉ နာရီဝန်းကျင်လောက်က ဓားနဲ့ထိုးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမည်မဖော်လိုတဲ့ မျက်မြင်ဝန်ထမ်းတစ်ဦးက “အချိန်ကတော့ ၉ နာရီလောက်ဖြစ်မယ်။ အဲလူက လျှပ်စစ်နေစားဝန်ထမ်းလုပ်နေတာ။ သူရုံးကနေ သူယောက္ခမအိမ်အပြန်မှာ ပထမ ရဲစခန်းရှေ့ရောက်တော့ ရဲတစ်ယောက်ကစပြီး စစ်တယ်။ အဲဒီလိုစစ်ဆေးနေတဲ့အချိန် ကျန်တဲအရက်သေသောက်မူးနေတဲ့ ရဲတစ်ယောက်က မပြောအဆိုနဲ့ နောက်ကနေ လည်ပင်းကို ဓားနဲ့ဝင်ထိုးလိုက်တယ်။ သေမလား၊ ရှင်မလားတော့ မသိဘူး။ စစ်ကားကြီးနဲ့ အမြန်မောင်းပြီး နမခဆေးရုံတော့ ခေါ်သွားကြတယ်” လို့ ပြောပါတယ်။
ဆေးရုံရောက်ရှိနေတဲ့ လျှပ်စစ်ဝန်ထမ်းရဲ့အခြေအနေကိုတော့ ဒီဗွီဘီက မေးမြန်းနေဆဲ ဖြစ်ပါတယ်။