အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီကို အမြစ်ဖြတ်တွန်းလှန်ဖို့ ချင်းပြည်ကာကွယ်ရေးတပ်တွေ ဖြစ်ကြတဲ့ CDF-မင်းတပ်နဲ့ CDF-ကန်ပက်လက်အဖွဲ့တွေအပါအဝင် ညီနောင်မဟာမိတ် ၄ ဖွဲ့ ပူးပေါင်းလိုက်တယ်လို့ ဩဂုတ် ၂၄ ရက်မှာ ကြေညာပါတယ်။
ဒါကြောင့်မို့ နွေဦးတော်လှန်ရေးမှာ ရှေ့ဆက်လုပ်ငန်းစဉ်တွေ ပူးပေါင်းဆောင်ရွက် သွားကြမယ့် ညီနောင်မဟာမိတ် ၄ ဖွဲ့မှာတော့ CDF-မင်းတပ်၊ CDF-ကန် ပက်လက်အဖွဲ့ တွေနဲ့အတူ CNO(ဖလမ်းနဲ့ကလေး-ကဘော်)၊ ဇိုမီးဖက်ဒရယ်ယူနီယံ(ZFU)တို့ ပါဝင်လာ ခဲ့တာပါ။
ညီနောင်မဟာမိတ် ၄ ဖွဲ့ဟာ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းရဲ့ လက်အောက်ခံမှ မဟုတ်ဘဲ လွတ်လပ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ခိုင်မာတိကျတဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ရှိကြတဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၇ လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ် ပြန်ချက်အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ် မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၀၀၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၇,၄၀၀ ကျော်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။