မိုးကုတ်မြို့ မြေပြိုမှု ၁၁ ဦး သေဆုံး
DVB
·
August 24, 2021
မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်း အောင်သစ်လွင်ရပ်ကွက်မှာ သြဂုတ်လ ၂၄ ရက်နေ့မနက်က မြေပြိုမှုဖြစ်ပြီး ပိတ်မိနေတဲ့သူတွေအပါအဝင် ၁၁ ဦးလုံး သေဆုံးခဲ့တယ်လို့ လူမှုကူညီရေး အသင်းတစ်ခုဆီက သိရပါတယ်။
ဒေသခံတစ်ဦးက "ညနေ ၄ နာရီ ၂၄ မှာ ၁၁ ယောက်လုံးရဲ့ Dead Body တွေ့တယ်၊ မြေပြိုတာကများတော့ ခက်ခက်ခဲခဲ ရှာဖွေရတယ်၊ ဘတ်ဖိုးကားတွေနဲ့ကော်ရတယ်၊ ပေါက်တူးတွေလဲသုံးရတယ်" လို့ ပြောပါတယ်။
သြဂုတ်လ ၂၄ရက်နေ့ မနက် ပိုင်းမှာ တောင်စွန်းကမြေပြိုတာကြောင့် နေအိမ် ၃ လုံးပေါ်ပိခဲ့ပြီး မိသားစု နှစ်စု စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။