ပိုက်ကျော်ခြင်း ၃ ယောက်တွဲတွင် မြန်မာက ထိုင်းကို ရှုံးနိမ့်

1.9K
ပိုက်ကျော်ခြင်း အားကစား ၃ ယောက်တွဲပြိုင်ပွဲကို နေပြည်တော် ၀ဏ္ဏသိန္ဓိအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအမျိုးသားအသင်းက ၂၁ မှတ်၊ ထိုင်းအသင်း ၁၈ မှတ်နဲ့ မြန်မာက ၁ ပွဲ အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲမှာ ထိုင်းက ၂၁၊ မြန်မာက ၁၄ မှတ်၊ တတိယပွဲမှာ ထိုင်းက ၂၁ မှတ်၊ မြန်မာက ၁၀ မှတ်နဲ့ ထိုင်းအသင်းက အနိုင်ရရှိခဲ့ပါတယ်။
ပိုက်ကျော်ခြင်းသုံးယောက်တွဲပြိုင်ပွဲမှာ မြန်မာက သုံးပွဲကစားပြီးနောက် ထိုင်းနဲ့ အင်ဒိုနီးရှားကို ရှုံးနိမ့်ထားပြီး မလေးရှားတသင်းကိုသာ အနိုင်ရရှိထားပါတယ်။
ဒီနေ့ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဇေကမ္ဘာ ဦးခင်ရွှေ တို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။
ပိုက်ကျော်ခြင်းအားကစားနည်းကို ၁၅ ရာစုခန့်က ကစားခဲ့ကြောင်း သိရပါတယ်။ ၁၉၆၇ ခု ဆီးဂိမ်းပြိုင်ပွဲမှာ တိကျတဲ့ စည်းမျဉ်းသတ်မှတ်မှုများနဲ့ ပိုက်ကျော်ခြင်းကစားနည်းကို အားကစားနည်း တရပ်အနေဖြင့် ထည့်သွင်းကျင်းပခဲ့တာ ဖြစ်ပါတယ်။
ပိုက်ကျော်ခြင်းကွင်းမှာ အလျားပေ ၄၄ ပေနဲ့ အနံ ပေ ၂၀ ရှိပါတယ်။ ပိုက်အမြင့်မှာ အမျိုးသားပွဲစဉ်တွေအတွက် ၅ ပေနဲ့ အမျိုးသမီးပွဲစဉ်များတွေအတွက် ၄ ပေ ၈ လက်မ သတ်မှတ်ထားပါတယ်။
ကျမှတ် အမျိုးအစား အမှတ်ပေးပါတယ်။ ဆီးဂိမ်းပြိုင်ပွဲများတွင် Best of Three သာ ယှဉ်ပြိုင်စေပြီး ပွဲငယ် ၂ ပွဲ အနိုင်ရတဲ့ အသင်းက အနိုင်ရမှာ ဖြစ်ပါတယ်။
