မြစ်ကြီးနားမြို့အနီးတွင် မြေငလျင်လှုပ်ခတ်
DVB
·
August 24, 2021
မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်က မြစ်ကြီးနားမြို့အနီးမှာ ဩဂုတ် ၂၄ ရက် မနက် ၈ နာရီ ၁၅ မိနစ်က မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ ဂျာမန် ဘူမိသိပ္ပံသုတေသနစင်တာ (GFZ) က ထုတ်ပြန်လိုက်ပါတယ်။
ငလျင်ဟာ ပြင်းအား ၄ ဒသမ ၇ ရှိ မြေအောက်အနက် ၁၀ ကီလိုမီတာမှာ လှုပ်ခတ်သွားတာပါ။
ငလျင်ဟာ အလွန်အားပျော့ပြီး ငလျင်ဗဟိုချက်ကနေ ကီလိုမီတာ ၁၁၀ အကွာမှာ တည်ရှိတဲ့ မြစ်ကြီးနားမြို့ အပါအဝင် ငလျင်ဗဟိုချက်အနီးရှိ မြို့တွေမှာလည်း တုန်ခါမှုအနည်းငယ်ကိုသာ ခံစားရနိုင်တယ်လို့လည်း ဆိုပါတယ်။