စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်မိုကျေးရွာအုပ်စုမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၁ ယောက် သြဂုတ်လ ၂၃ ရက်က သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။
“သြဂုတ် ၂၂ရက် ညက ဆိုင်ကယ်နဲ့ လူနှစ်ယောက်က ပြောစရာရှိတယ်ဆိုပြီး အိမ်ကို လာခေါ်သွားတယ်။ သြဂုတ်လ ၂ ၃ရက်နေ့ မနက်ပိုင်းမှာ အုပ်ချုပ်ရေးမှူး ပိုင်တဲ့ နောင်ဟင်ရွှေမှော်ထဲက သူ့ရွှေလုပ်ကွက်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူ ဦးမန်းတင်ဟာ နောင်မိုးကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်ပြီး ရွှေမျှောပိုင်ရှင် တစ်ဦးလည်း ဖြစ်တယ်လို့သိရပါတယ်။
အခုလို အုပ်ချုပ်ရေး ဦးမန်းတင်ကို ဘာကြောင့်၊ ဘယ်အဖွဲ့စည်းက သတ်သွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။