Home
သတင်းဓာတ်ပုံ
မြန်မာ့နွေဦးတော်လှန်ရေးအတွက် ယူကေတွင် မိုင် ၁၀၀၀ စက်ဘီးစီးပြီး ရန်ပုံငွေရှာဖွေသူ (ဓာတ်ပုံ)
DVB
·
August 23, 2021

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတယောက်ဖြစ်တဲ့ ကိုအောင်ဟာ မြန်မာ့နွေဦး တော်လှန်ရေးအတွက် ယူကေနိုင်ငံတဝန်း မိုင် ၁၀၀၀ စက်ဘီးပတ်စီးပြီး ရန်ပုံငွေရှာဖွေနေပါတယ်။

သူဟာ ယူကေနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်နဲ့ နေထိုင်နေသူဖြစ်ကာ လတ်တလောမှာတော့ နွေဦးတော်လှန်ရေးရဲဘော်တွေနဲ့ CDM အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် Justice for Burma Cycle Challenge for Motherland ကမ်ပိန်းကနေ ရရှိလာတဲ့ ရန်ပုံငွေတွေကို လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

ဒီကမ်ပိန်းကိုတော့ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်၊ ရှစ်လေးလုံးအရေးတော်ပုံနေ့မှာ စတင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ GoFundMe ဝက်ဘ်ဆိုက်ဒ်ပေါ်မှာ ရန်ပုံငွေ ပေါင် ၇,၀၀၀ ကျော် ရရှိထားပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၆ လခွဲကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က “ယုံကြည်ရာ ခြေတစ်လှမ်း၊ တော်လှန်ရေးအတွက် ငါးသန်း Challenge Campaign  ကို သြဂုတ်လအတွင်း ပြည့်မီအောင် ကမ္ဘာအနှံ့မှာ ရှိတဲ့ CRPH - OFP Fundraisers တွေက အလှူငွေ ကောက် ခံရောင်းချနေတာပါ။

အဆိုပါကမ်ပိန်းက ရရှိလာမယ့် အလှူငွေတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဦးစီးပြီး မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ နွေဦးတော်လှန်ရေးမှာ တထောင့်တနေရာက ပါဝင်နေကြတဲ့ ပြည်သူနဲ့ လူငယ်တွေရဲ့ စားဝတ်နေရေးနဲ့ တခြားသော လိုအပ်ချက်တွေကို ကူညီထောက်ပံ့နိုင်ဖို့ ပြန်လည် ခွဲဝေပေးအပ်သွားမယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024