တောင်ဥက္ကလာပ ထွေအုပ်ရုံးတွင် ဗုံးပေါက်
DVB
·
August 23, 2021
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ဩဂုတ်၂၂ ညနေ ၃ နာရီကျော်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
ထွေအုပ်ရုံးဗုံးပေါက်ကွဲမှုကြောင့် ရုံးကားတစ်စီး ပျက်စီးသွားပြီး ရုံးအဆောက် အအုံလည်း အနည်းငယ်ပျက်စီးသွားတယ်လို့ဒေသခံ တစ်ဦးကပြောပါတယ်။
အဆိုပါပေါက်ကွဲမှုကြောင့် လူတွေထိခိုက်ဒဏ်ရာရတာ ရှိ၊ မရှိတော့ မသိရသေးပါဘူး။ လှိုင်သာယာ ဘုရင့်နောင်တံတားမှာလည်း မနေ့က ပစ်ခတ်မှုဖြစ်ပွားပြီး အနည်းဆုံး စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးကာ ဒဏ်ရာရသူ တချို့ရှိခဲ့ပါတယ်။