မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက်နဲ့ မြရည်နန္ဒာ တိုက်ခန်းဘက်မှာ ဩဂုတ် ၂၂ ရက် ည ၁၀ နာရီကျော်အချိန်က ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အောင်သာယာရပ်ကွက် တောင်ပိုင်းနဲ့ မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာ အရှေ့ခြမ်းဘက်မှာ စစ်ကောင်ကောင်စီတပ်သားတွေက ပစ်ခတ်မှုတွေလုပ်နေတာဖြစ်ပြီး ဘယ်လိုအကြောင်းကြောင့် ပစ်ခတ်တယ်ဆိုတာ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အောင်သာယာရပ်ကွက်နေသူ တစ်ဦးက “ပစ်တာတော့ ဆက်တိုက် အတွဲလိုက်ပဲ။ လမ်းတလျှောက် ပစ်သွားတာ။ ကျနော်တို့ အောင်သာယာဘက်ကနေ တန်ဖိုးနည်း အိမ်ရာဘက်ထိ ပစ်သွားတာ။ ဘာအကြောင်းလဲဆိုတာတော့ ညဘက် ထွက်မရတော့ မသိရဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် မဟာအောင်မြေမြို့နယ် လမ်း ၆၀၊ ၃၇ လမ်း နဲ့ ၃၈ လမ်းဝန်းကျင်မှာ လူငယ် ၂ ယောက် ပစ်သတ်ခံရတယ်လို့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြတာတွေရှိနေပြီး အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။