ချမ်းမြသာစည် လေဆိပ် အခြေပြုပြီး လေကြောင်းခရီးစဉ် စဆွဲ
DVB
·
December 12, 2013
မြန်မာ့လေကြောင်းဟာ ခရီးသည် ၁၂ ယောက်ဆံ့ ဆက်စနာ လေယာဉ်ငယ်လေးတွေ သုံးပြီး မန္တလေး ချမ်းမြသာစည်လေဆိပ်ကို အခြေပြုကာ လေကြောင်းခရီးစဉ်တွေကို ဒီနေ့ကစပြီး ပုံမှန် ပြေးဆွဲနေပြီလို့ မြန်မာ့လေကြောင်း မန္တလေးရုံးခွဲ လက်မှတ်အရောင်းဌာန တာဝန်ရှိသူတဦးက အတည်ပြု ပြောဆိုပါတယ်။
အပတ်စဉ် တနင်္လာကနေ့ကနေ သောကြာနေ့အထိ နေပြည်တော်၊ ဗန်းမော်၊ ကလေး၊ လားရှိုး၊ ညောင်ဦး၊ ဟဲဟိုးနဲ့ လွိုင်ကော်မြို့တွေကို အလျဉ်းသင့်သလို ပြေးဆွဲသွားမယ်လို့ သိရပါတယ်။
လက်မှတ်ခကတော့ မန္တလေး - နေပြည်တော် ကျပ် ၄ သောင်း ၂ ထောင်၊ မန္တလေး- ကလေး၊ မန္တလေး - ဗန်းမော်၊ မန္တလေး - လွိုင်ကော် ကျပ် ၄ သောင်း ၉ ထောင် ဖြစ်ပြီး နိုင်ငံခြားသားဆို ဈေးနည်းနည်း ပိုပါတယ်။
စနေနဲ့ တနင်္ဂနွေနေ့တွေမှာတော့ ၁၅ မိနစ် အပျော်စီးခရီးစဉ်နဲ့ စင်းလုံးငှားတာတွေ လုပ်ပေးသွားမယ်လို့ ကြေငြာထားပါတယ်။