စစ်ကောင်စီလက်အောက်ခံ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စင်ကြိုင်အခြေစိုက် အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ် BGF ဗိုလ်မှူး တစ်ဦး ဩဂုတ် ၂၁ ရက် မနက်အစောပိုင်းက ကွယ်လွန်သွားတယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။
ကွယ်လွန်သူမှာ အသက် ၅၀ အရွယ်ခန့်ရှိတဲ့ တပ်ရင်းမှူး ဗိုလ်မှူး ၀မ်ထေခေါင် ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါနဲ့ကွယ်လွန်တာဖြစ်ကြောင်းနဲ့ မိသားစုနဲ့နီးစပ်သူတစ်ဦးက အတည်ပြုပါတယ်။ ကွယ်လွန်ချိန်မှာ ဇနီးနဲ့ သားသမီး ၄ ဦး ကျန်ခဲ့ပါတယ်။
ကချင်ပြည်နယ်မှာ ၂၀၀၉ ခုနှစ်မှစတင်ကာ BGF အသွင်ပြောင်း အမှတ် ၁၀၀၁ ၊ ၁၀၀၂ နယ်ခြားစောင့်တပ်နဲ့ အခု စင်ကြိုင်အခြေစိုက် ၁၀၀၃ နယ်ခြားစောင့်တပ်တွေကို ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီတပ် မြောက်ပိုင်းတိုင်းအောက်မှာ ထားရှိတာဖြစ်ပါတယ်။