Home
အာရှဒေသ
ဂျပန်ရဲ့ အရည်အသွေးမြင့် အစားအစာ တင်ပို့မှု အလားအလာ ညံ့ဖျင်းတဲ့စည်းမျဉ်းစည်းကမ်း ကြောင့် ကျဆင်း
DVB
·
December 12, 2013
ဂျပန်က သူရဲ့ စီးပွားရေးကို မြှင့်တင်ပေးဖို့နဲ့ အကူအညီပေးဖို့ အရည်အသွေးမြင့် ဈေးကြီး အစားအစာတွေကို နိုင်ငံခြားတင်ပို့မှု မြှင့်တင်ပြီး ဂုဏ်သိက္ခာရရှိဖို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့် မကြာခင်က အစားအစာတွေကို အမည်တပ်ရာမှာ မကောင်းသတင်း ထွက်လာပြီး နျူးကလီးယား ညစ်ညမ်းမှုအပေါ် စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒါတွေဟာ ဖူကူရှီးမာဘေးသင့်မှုကြောင့် ဂျပန်ရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းခဲ့ရပြီိး နောက်ပိုင်းမှာ ဖြစ်လာတာပါ။ [caption id="attachment_48264" align="alignright" width="300"]Photo by AFP Photo by AFP[/caption] စားသုံးသူအုပ်စုတွေက အစိုးရအနေနဲ့ ပိုပြီး ပွင့်လင်းမြင်သာအောင်လုပ်ဖို့ လိုအပ်နေသလို သူတို့အနေနဲ့ စိတ်ချရတဲ့ နိုင်ငံခြားတင်ပို့တဲ့နိုင်ငံတခု ဖြစ်ချင်တယ်ဆိုရင် အစားအစာ စစ်ဆေးမှုတွေကို ပိုပြီး လေးလေးနက်နက် လုပ်ဆောင်ဖို့ လိုမယ်လို့ ပြောကြပါတယ်။ အစားအစာတွေကို “ဂျပန်ပြည်မှာ လုပ်သည်” လို့ နာမည်တပ်ထားရင် တခြား အစားအစာတွေထက် ပိုပြီး ကောင်းမွန်တယ်လို့ အထင်ခံခဲ့ရတဲ့ အချိန်တခု ရှိခဲ့ဖူးပါတယ်။ အကျိုးရလဒ်အနေနဲ့ စားသုံးသူတွေက အဲဒီ အရည်အသွေးကြောင့် ဈေးကြီးပေး ၀ယ်ချင်ခဲ့ကြပါတယ်။ ပန်းသီး ၁ လုံး ၁၅ ဒေါ်လာ ဒါမှမဟုတ် ကိုဘေးအမဲသား ၁ တုံးကို ဒေါ်လာ ၂၀၀ ပေးပြီးတောင် ၀ယ်ကြပါတယ်။. ဒါပေမယ့် ပြည်တွင်းနဲ့ ပြည်ပမှာ အဲဒီ ဂုဏ်သိက္ခာဟာ မကြာခင်က အစားအစာတွေကို အမည်တပ်ရာမှာ မကောင်းသတင်း ထွက်လာပြီး နျူးကလီးယား ညစ်ညမ်းမှု အပေါ် စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်ပေါ်အပြီးမှာ အကြီးအကျယ် ထိခိုက်ခဲ့ရပါတယ်။ ၂၀၁၁ ခုနှစ် ဖူကူရှီးမာဘေးသင့်မှုကြောင့် ဂျပန်ရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းခဲ့ရတာပါ။ ဂျပန်စားသုံးသူ သမဂ္ဂမှာ အလုပ်လုပ်တဲ့ မာတင် ဖရစ်ဒ် က “သူတို့က ညစ်ညမ်းသွားတဲ့ ဟာတွေအားလုံးကို အရောင်းချက်ချင်း ရပ်ပစ်လိုက်ပါတယ်။ ဒါကြောင့် သတင်းမီဒီယာတွေမှာ အများကြီး ဖော်ပြနေကြတာတွေက တကယ် မဟုတ်ပါဘူး။ ဒါပေမယ့် တောင်ကိုရီးယားလို နိုင်ငံမျိုးနဲ့ တခြားနိုင်ငံတွေက ပင်လယ်စာတွေကို ပိတ်ပင်လိုက်တာတွေ ရှိတယ်လို့ ပြောရမှာပါပဲ။ ဘယ်သူကမှ သမုဒ္ဒရာရဲ့ ညစ်ညမ်းမှု အတိုင်းအတာကို တကယ်တမ်းမသိကြတဲ့အပေါ် စိုးရိမ်ကြောင့်ကြမှုက ရှိနေတယ်လို့ ကျနော် ထင်တယ်” လို့ ပြောပါတယ်။ ဘေးသင့်ခံခဲ့ရတဲ့ ဒေသတွေက အစားအစာတွေကို ပိတ်ပင်မှု လုပ်ထားပေမယ့် နိုင်ငံအတော်များများကတော့ ဂျပန်နိုင်ငံကနေ ၀ယ်ယူမှုတွေကို ထိန်းချုပ်ထားခဲ့ပါတယ်။ အထူးသဖြင့် ငါးတင်ပို့မှုဟာ ဘေးသင့်မှုဖြစ်ပြီးချိန်ကစပြီး ၄ ပုံ ၁ ပုံ လောက် ကျဆင်းသွား ခဲ့ပါတယ်။ ၀ါကာကို တာကာဆာကာရဲ့မိသားစုက နှစ်ပေါင်း ၃၀ ကျော် ဩစတြေးလျနိုင်ငံကို ဂျပန် အစားအစာတွေ တင်ပို့ဖြန့်ဖြူးပေးနေတာ ဖြစ်ပါတယ်။ ၀ါကာကို တာကာဆာကာရဲ့မိဘတွေက ဂျပန်အစားအစာနဲ့ ပတ်သက်ပြီး မသိသလောက် ဖြစ်နေခဲ့တဲ့ အချိန်ကတည်းက မဲလ်ဘုန်းမှာ ဂျပန် အစားအစာ ကုန်သွယ်ရေး လုပ်ငန်းကို တည်ထောင်ထားခဲ့တာပါ။ “ကျမ မိဘတွေ ဒီလုပ်ငန်းကို စတည်ထောင်ခဲ့တဲ့ အချိန်မှာ ဂျပန်လူ့အဖွဲ့အစည်းကတကယ့် သေးသေးလေးပဲရှိခဲ့တာပါ။ ဂျပန်အစားအစာ ၀ယ်လိုအား ကလည်း ပိုပြီးနည်းပါးခဲ့တာပေါ့ရှင်။” အဲဒါတွေ အားလုံးဟာ ၉၀ ပြည့်နှစ်တွေထဲမှာ ပြောင်းလဲသွားခဲ့ပြီး အဲဒီကတည်းက လုပ်ငန်းက ဖွံ့ဖြိုးအောင်မြင်လာခဲ့ပါတယ်။ ဒါပေမယ့် ၀ါကာကို တာကာဆာကာက ဖူကူရှီမာ နျူးကလီးယား ဘေးသင့်မှု ဖြစ်ပြီးကတည်းက ခက်ခဲပြီး  ကန့်သတ်မှုတွေ ရှိနှင့်ခဲ့တဲ့ သွင်းကုန် လုပ်ငန်းဟာ အများကြီး ပိုပြီးခက်ခဲလာခဲ့တယ်လို့ ပြောပါတယ်။ “ဖူကူရှီမားမှာ ငလျင်လှုပ်ပြီးတဲ့ အချိန်မှာ အစားအစာ ဖြန့်ဖြူးပေးတဲ့ နေရာတွေမှာ ကန့်သတ်မှုတွေ ရှိလာခဲ့ပါတယ်။ ခုချိန်ထိတောင်မှပဲ ကန့်သတ်ထားတဲ့ ဒေသတွေ ကျမတို့ကို ချပေးလိုက်တာနဲ့ အဲဒီဒေသတွေက လာတဲ့ အရာတိုင်းကို ဩစတြေးလျ ကမ်းခြေရောက်တာနဲ့ ဓာတ်ခွဲခန်းတွေမှာ စစ်ဆေးမှုတွေ လုပ်တာပါပဲ။” ၀ါကာကို တာကာဆာကာက သူတို့ရဲ့ဖောက်သည်တွေက “ဂျပန်ပြည်မှာလုပ်သည်” ဆိုတဲ့ အစားအစာထုတ်ကုန်ပစ္စည်းတွေမှာ နျူးကလီးယား ညစ်ညမ်းမှု ရှိနိုင်တဲ့ အလားအလာအတွက် မယုံကြည်နိုင်ဘူး ဖြစ်လာကြပါတယ်လို့ ဆိုပါတယ်။ “ကျမတို့ဆီကို ပြည်သူလူထုဆီက တိုက်ရိုက်ဖုန်းခေါ်မှုတွေ အများကြီးရှိခဲ့ပါတယ်။ ကျမတို့ရဲ့ ဖောက်သည် လက်လီ အရောင်းဆိုင်ခွဲတွေနဲ့ လက်လီဖောက်သည်တွေက ပစ္စည်းတွေရဲ့ လုံခြုံ စိတ်ချရမှုနဲ့ ပတ်သက်ပြီး စုံစမ်းလာကြပါတယ်။” ဂျပန်မှာ အဓိက ဟိုတယ်၊ ကုန်တိုက်၊ စားသောက်ဆိုင် အတော်များများက သူတို့တွေရဲ့ အစားအစာ မီနူးတွေထဲက အရည်အသွေးမြင့် အစားအစာတွေ နေရာမှာ အဆင့်နိမ့်တဲ့ အစားအစာတွေ အစားထိုးလိုက်ရတယ်လို့ ၀န်ခံလိုက်တဲ့အတွက် ဖောက်သည်တွေက တုန်လှုပ်သွားခဲ့ကြရပါတယ်။ ဖြစ်ရပ်တခုမှာ တင်သွင်းလာတဲ့ အမဲသားကို အရည်အသွေးမြင့် ၀ါဂရူး အမဲသားလိုမျိုး ရောင်းချခဲ့ပါတယ်။ ဂျပန်စားသုံးသူသမဂ္ဂက မာတင်ဖရစ်ဒ်ကတော့ ဂျပန်ပြည်သူလူထုရဲ့ ပါးစပ်ထဲမှာ ခါးတဲ့ အရသာ ကျန်ခဲ့ကြောင်း သတင်းထွက်လာတယ်လို့ ဆိုပါတယ်။ “ကြောက်စရာပါပဲ၊ တကယ့် စိတ်အနှောက်အယှက်ဖြစ်စရာ ပါပဲဗျာ။ ဘာလို့လဲဆိုတော့ သူတို့က အဲဒီ အစားအစာတွေကို ဈေးနှုန်းမြင့် ကမ္ဘာပေါ်က တခြားပုစွန်တွေထက် ပိုကောင်းတဲ့ အထူး ပုစွန်တွေအဖြစ် ရောင်းနေကြတယ်လေ။ ဒီတော့ သူတို့က ပြည်သူလူထုကို ညာနေတာ ရှင်းနေတာပေါ့ဗျာ။ အဲဒါဟာ ဘယ်နိုင်ငံမှာ မဆို တရားမ၀င်ဘူးပေါ့။ ဂျပန်မှာလည်း တရားမ၀င် ပါဘူး။ အဲဒီလို မဖြစ်သင့်ဘူးပေါ့ဗျာ။ အဲဒီလို နှစ်အတော်ကြာ ဖြစ်နေတာဟာ မယုံကြည် နိုင်စရာပါပဲဗျာ။” တံဆိပ်ကပ်တဲ့ မကောင်းသတင်းက ၀န်ကြီးချုပ် ရှင်ဇိုအဘေးရဲ့တိုင်းပြည်ရဲ့ နိုင်ငံခြားပို့ ကုန်ကို မြှင့်တင်ပေးဖို့ တွန်းအားပေးနေတာ၊ စီးပွားရေးကို တခါ ပြန်စတင်ဖို့နဲ့ အကူအညီပေးဖို့ ပြောနေတာတွေကို အဟန့်အတားဖြစ်ရအောင် ခြိမ်းခြောက်လာနေပါတယ်။ မစ္စတာ အာဘေးက ၂၀၂၀ ခုနှစ်မှာ စိုက်ပျိုးရေး၊ ပင်လယ်နဲ့ သစ်တောထွက် ကုန်တွေကို ၂ဆ တင်ပို့နိုင်ဖို့ မျှော်လင့်နေပါတယ်။ အဲဒီစီမံကိန်းရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတခုကတော့ ကိုဘေး အမဲသား၊ ဆန်၊ သစ်သီးနဲ့ ဆာကေလို စားသောက်ကုန်တွေလို အရည်အသွေးမြင့် စားသောက်ကုန်တွေပါ။ ဒါပေမယ့် မာတင် ဖရစ်ဒ် ကတော့ အစိုးရက မြင်းရှေ့မှာ လှည်းကို တပ်နေတာလို့ ပြောပါတယ်။ “တကယ်လို့ ဂျပန်က အစားအစာမှာ စိတ်ချရတဲ့ တင်ပို့ နိုင်ငံတခု ဖြစ်ချင်တယ်ဆိုရင် ဒီထက် အများကြီး ပိုပြီးပွင့်လင်းမြင်သာမှု ရှိဖို့ လိုလိမ့်မယ်လေ။ အစိုးရက အဲဒီ စိုးရိမ်စိတ်တွေကို ဒီထက် အများကြီး ပိုပြီးမြန်မြန်ဆန်ဆန် တုံ့ပြန်ဖို့ လိုလိမ့်မယ်ဗျ။ သူတို့ စစ်ဆေးသူတွေ အများကြီး ပိုလိုသလို ဒီကိစ္စတွေကို ချက်ချင်း ကြည့်ရှုဖို့ လူတွေ အများကြီးလည်း ပါလိမ့်မယ်။ ဒီလိုမှပဲ အဲဒီ မကောင်းသတင်းမျိုးက အလျင်အမြန် ကြီးထွားမလာမှာပေါ့ဗျာ။” ဩစတြေးလျဈေးကွက်ကို ရောက်လာတဲ့အချိန်မှာ ၀ါကာကို တာကာဆာကာက ဂျပန်ပြည်မှာ လုပ်တဲ့ အရည်အသွေး မြင့်မားတဲ့ အစားအစာတွေကို ၀ယ်လိုအား ဆက်ရှိနေ လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ဒါပေမယ့် အဲဒီ ၀ယ်လိုအား ပြည့်မီဖို့ကတော့ ဖြစ်နိုင်ကောာင်းမှ ဖြစ်နိုင်ပါလိမ့်မယ်။ “ကျမတို့က ဂျပန်ထုတ်ကုန်တွေကို ၀ယ်လိုအား ရှိနေတယ်ဆိုတာ တိတိကျကျ သိပါတယ်။ ဒါပေမယ့် ကျမတို့ တင်သွင်းလိုက်တဲ့ ပစ္စည်းတွေရဲ့ အမျိုးအစားအရ ကန့်သတ်မှုတွေ ရှိပါတယ်။ ဩစတြေးလျကို ၀င်လာတာမှာ ဟော့ကိုင်ဒိုးကလာတဲ့ လှပတဲ့ နို့ထွက်ပစ္စည်းတွေ အားလုံးကို ကျမတို့ မပေးနိုင်ပါဘူး။ က်မတို့အတြက္ကေတာ့ ဩစေၾတးလ် အစိုးရက ဘာကို ကန့္သတ္မႈေတြလုပ္မလဲ ဆိုတဲ့ ကိစၥပါပဲ။” အာရှဒေသအစီအစဉ်အတွက် ရေဒီယို ဩစတြေးလျ သတင်းထောက် ကက်ရှား ၀က်စ် သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024