မန္တလေးတိုင်း မတ္တရာမြို့နယ် တံငါတောင်ရွာမှာ ဩဂုတ်လ ၂၀ ရက် ည ၈ နာရီပတ်ဝန်းကျင်က စစ်ကောင်စီတပ်သား အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး သေနတ် အချက် ၃၀ လောက် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
တံငါတောင်ရွာကို စစ်ကောင်စီတပ်သား အင်အား ကား ၁၀ စီးလောက်နဲ့ ဝင်ရောက်တာဖြစ်ပြီး NLD ပါတီ ရပ်ကျေးဥက္ကဋ္ဌ နေအိမ်နဲ့ အုတ်စက်တွေမှာ ဝင်ရောက်ရှာဖွေတာလို့ ကနဦး သိရပါတယ်။
ဒေသခံတစ်ဦးက “သေနတ်တွေကတော့ ပစ်တာ အချက် သုံးဆယ်ရှိတယ်။ အခုတော့ ဘာကြောင့် ဝင်စီးတယ်ဆိုတာ မသိရသေးဘူး။ ကြားတာတော့ NLD ရပ်ကျေး ဥက္ကဋ္ဌ အိမ် နဲ့ အုတ်စက်တွေ ဝင်ရှာတယ်လို့ ကြားတာ။ အချိန်ကလည်း လွန်နေတော့ သေချာမသိသေးဘူး။” လို့ ပြောပါတယ်။
တံငါတောင် ကျေးရွာမှာ စစ်ကောင်စီတပ်သား အင်အားအလုံးအရင်းနဲ့ ဝင်ရောက်နေတာကြောင့် အနီးအနား ပတ်ဝန်းကျင်ရွာတွေကိုပါ ဝင်ရောက်လာပြီး ပစ်ခတ်တာတွေလုပ်မှာ ဒေသခံတေါ စိုးရိမ်နေတယ်လို့ သိရပါတယ်။