ထိုင်းတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၃ ပုံ ၂ ပုံမှာ ကာကွယ်ဆေးမထိုးရသေးသူများဖြစ်

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူတွေရဲ့ ၃ ပုံ ၂ ပုံဟာ ကာ ကွယ်ဆေးမထိုးနှံထားရသေးသူတွေဖြစ်တယ်လို့ ကိုဗစ်-၁၉ ရောဂါအခြေအနေစီမံကြီး ကြပ်ရေးဗဟိုဌာန (စီစီအက်စ်အေ)က ထုတ်ပြန်ပါတယ်။

စီစီအက်စ်အေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာအဖီဆမိုင် ဆီရိရန်ဆန်က ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်ကနေ ဩဂုတ် ၁၉ ရက်နေ့အထိ ကာကွယ်ဆေးမထိုးနှံရသေးပဲ နိုင်ငံတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူ ၂,၉၆၉ ယောက်၊ တနည်းအားဖြင့် ၆၃ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ပြောပါတယ်။

သေဆုံးသူတွေထဲက ၇ ရာခိုင်နှုန်းဖြစ်တဲ့ ၃၁၆ ယောက်ကတော့ မဖျားနာခင် သီတင်း ၂ ပတ်ကျော်လောက်ကတည်းက  AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေး တကြိမ်ထိုးနှံပြီးသူတွေ ဖြစ်ကာ ၂ ဒသမ ၆ ရာခိုင်နှုန်းဖြစ်တဲ့ ၁၁၈ ယောက်ကတော့ ၄ ပတ်ကျော်မတိုင်ခင်ကတည်းက ကာကွယ်ဆေးတကြိမ် ထိုးနှံပြီးသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေရဲ့ ၀ ဒသမ ၆ ရာခိုင်နှုန်းဖြစ်တဲ့ ၂၆ ယောက်ကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

“ကာကွယ်ဆေးထိုးပြီး ၂ ပတ်အတွင်းမှာ antibodies က လှုံ့ဆော်မှု မရှိဘူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်နေပါတယ်။ ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးတာတောင် ဒီရောဂါပိုးက ဆက်ပြီး တော့ ကူးစက်နိုင်နေတုန်းပါပဲ”

ထိုင်းနိုင်ငံတဝန်းမှာတော့ လူဦးရေ ၁၉ ဒသမ ၅၈ သန်းက ကာကွယ်ဆေး ၁ ကြိမ်၊ ၅ ဒသမ ၇၀ သန်းကတော့ ၂ ကြိမ်၊ ၅၂၇,၄၅၇ ယောက်ကတော့ ၃ ကြိမ်ထိုးနှံပြီးဖြစ်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၂၅ ဒသမ ၈၂ သန်းရှိနေတယ်လို့ ဆိုပါတယ်။

ဘန်ကောက်မှာတော့ ပထမတကြိမ် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီး ဒုတိယတကြိမ်မှာတော့ AstraZeneca ကို ထိုးနှံဖို့ မြို့တော်အုပ်ချုပ်ရေးအဖွဲ့က သဘော တူညီထားတယ်လို့ ဒေါက်တာ အဖီဆမိုင်က ပြောပါတယ်။

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံတဝန်းမှာတော့ ရောဂါကူးစက်ခံရသူပေါင်း ၁ သန်းကျေိာ်လာခဲ့ပြီဖြစ်ကာ သေဆုံးသူစုစုပေါင်းကတော့ ၈,၈၂၆ ယောက်ရှိနေခဲ့ပြီ ဖြစ်တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up