ရွှေကူတွင် ကိုဗစ်-၁၉ ရောဂါဖြင့် ၃ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း ၄၃ ဦးရှိလာ

ကချင်ပြည်နယ် ရွှေကူမြို့မှာ ကိုဗစ်-၁၉ ပိုး ကူးစက်ခံရသူ မြင့်တက်လာပြီး  သြဂုတ် ၁၉ ရက် မနက်ပိုင်းအတွင်း  ကိုဗစ်‌‌-၁၉ ရောဂါနဲ့ လူ ၃ ဦး ထပ်မံ သေဆုံးခဲ့ပါတယ်။

ရွှေကူမြို့နယ်မှာ ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ရောဂါကူးစက်ပြီး သေဆုံးလူနာ ၄၃ ဦး ထိရှိလာပြီး ဒီနေ့ တစ်ရက်တည်း ၃ ဦး ဆက်တိုက်သေဆုံးခဲ့တာပါ။

“ဒီနေ့မနက် ၉ နာရီအတွင်း ၃ ဦး သေဆုံးတယ်။ စောစောစီးစီးသေတာ၊ အရင်နေ့တွေက အဲဒီလို့ ဆက်တိုက်သေဆုံးတာမရှိဘူး၊ ရောဂါကူးစက်ခံရတာလည်း ပိုများလာနေတယ်” လို့ ဒေသခံ ပရဟိတသမားတဦးက ပြောပါတယ်။

ရွှေကူမြို့နယ်မှာ  ကိုဗစ်- ၁၉ တတိယလှိုင်းကာလ ပိုးတွေ့လူနာပေါင်း ၉၀၀ ကျော်ရှိကာ သေဆုံးသူ ၄၃ ဦး ရှိ‌လာပြီလို့ လူမူကူညီရေးပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

ရွှေကူမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ များပြားလာတဲ့အတွက်  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်က စတင်ကာ stay at home မြို့နယ်အဖြစ် သတ်မှတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up