ရေကြည်မြို့နယ် အသုတ်မြို့မှာ သြဂုတ်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာ စစ်တပ်သတင်းပေး ဦး၀င်းနိုင်ဦး သေနတ်နဲ့ ပစ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ အသုတ်မြို့ခံတွေက ပြောပါတယ်။
ဦး၀င်းနိုင်ဦးဟာ အသုတ်မြို့မှာ ဆိုင်ကယ်အရောင်းအဝယ်အလုပ်သူဖြစ်ပြီးသြဂုတ်လ ၁၈ ရက်နေ့ မနက် ၇ နာရီခွဲလောက်က ဆိုင်ရှေ့မှာ ထိုင်နေချိန် အမည်မသိလက်နက်ကိုင်အဖွဲ့က ဆိုင်ကယ်နဲ့ လာရောက် ပစ်ခတ်သွားတာလို့ အသုတ်မြို့ခံတစ်ဦးက ပြောပါတယ်။
"အသုတ်မှာ စစ်တပ်သတင်းပေးသူပေါ့။ သူက နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး တပ်သတင်းပေးလုပ်နေတာ။ သေနတ်ပစ်ခံရပြီး နှလုံးထိတယ်။ ဆေးရုံမှာ ဆုံးတယ်၊ ဒလန် သေနတ်နဲ့ပစ်ခံရတာ အသုတ်မှာပထမဆုံးအကြိမ်၊ သူ့ဆိုင်မှာ အရင်လက ဗုံးကွဲတာလည်း ဖြစ်တယ်" လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ စစ်တပ်နဲ့ရဲတွေ လုံခြုံရေးတင်းကျပ်စစ်ဆေးတာတွေ လုပ်နေကြောင်း သိရှိရပါတယ်။