ဆီးရီးယားအစိုးရတပ်များ အချက်အချာကျသည့် မြို့ကို ပြန်လည်သိမ်းပိုက်

အစိုးရတပ်များ မြို့တော် ဒမတ်စကတ် မြောက်ဘက်က နာဘက် (Nabak) မြို့ကို ပြန်လည် သိမ်းပိုက်ရရှိခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲလုပ်ပြီး သတင်းထောက်တွေကို ခေါ်ပြခဲ့ပါတယ်။ Nabak 1ဖျက်ဆီးပစ်ဖို့ သဘောတူထားတဲ့ ဓာတုဆက်စပ်ပစ္စည်း တန် ၁၃၀၀ ကျော်ကို လက်တာကီးယား (Latakia) ဆိပ်ကမ်းမြို့ကို သယ်ထုတ်ဖို့ အဝေးပြေးလမ်းမပေါ်က အရေးပါတဲ့မြို့တမြို့ကို ပြန်လည် သိမ်းပိုက်ရရှိတာလည်း ဖြစ်ပါတယ်။ အစိုးရစစ်တပ်က ဆီးရီးယားနိုင်ငံရဲ့ အဓိက အဝေးပြေးကားလမ်းမပေါ်က မြို့တွေကို တမြို့ပြီး တမြို့ ပြန်လည်သိမ်းပိုက်ရရှိတယ်လို့ ကြေညာနေပေမယ့် အဲဒီ အဝေးပြေးလမ်းမဟာ သူပုန်တွေ တိုက်ခိုက်မယ့်အန္တရာယ်ကတော့ ရှိနေတုန်းပဲလို့ ဆီးရီးယား လူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။ သူပုန်အဖွဲ့တွေကတော့ လက်လွှတ်ခဲ့ရတဲ့မြို့တွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ပြောဆိုတာတော့ မရှိသေးပါဘူး။ ဆီးရီးယားအစိုးရက နိုင်ငံထဲက အန္တရာယ်ရှိ ဓာတုပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖျက်ဆီးပစ်ဖို့ သဘောတူခဲ့တာကြောင့် ဆီးရီးယားပြည်တွင်းစစ်မှာ အမေရိကန် ပါဝင်လာမယ့် အခြေအနေကနေ ရှောင်လွှဲနိုင်ခဲ့ပါတယ်။ ဆီးရီးယားအရေးအခင်းဟာ ၂၀၁၁ မတ်လကတည်းက စတင် ဖြစ်ပွားနေခဲ့ပြီး လူပေါင်း ၁ သိန်းကျော် အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up