ရခိုင်ပြည်နယ်၊ ပုဏ္ကားကျွန်းမြို့နယ်မှာ သြဂုတ် ၁၆ ရက်က ကန်ပူးကျေးရွာသားတွေ တောဖျားချောင်းဒေသကို မျှစ်(ဝါးတုတ်)ချိုးပြီးအပြန် စက်လှေနစ်မြုပ်ပြီး အမျိုးသမီးတစ်ယောက်သေဆုံးကာ ၃ ယောက် ပျောက်ဆုံးနေတယ်လို့ ခနောင်းကြီးလူမှုကူညီရေးအသင်းကနေ သိရပါတယ်။
ကန်ပူးကျေးရွာက ဒေသခံပြည်သူ ၉ ယောက်ဟာ တောင်ဖျားချောင်းဒေသကို မျှစ်သွားချိုးပြီးအပြန် စေတီပြင်ရွာနားမှာ စက်လှေနစ်မြုပ်တာလို့ ဆိုပါတယ်။
ရွာသားတွေဝိုင်းဝန်း ကယ်ဆယ်ရာ ၅ ယောက် အသက်ရှင်လျက်ဆယ်ယူနိုင်ပြီး သြဂုတ် ၁၇ ရက်နေ့မနက်ပိုင်းက အမျိုးသမီးတစ်ယောက်ကို သေဆုံးလျက် ပြန်လည်ဆယ်ယူနိုင်ခဲ့တယ်လို့ ခနောင်းကြီးလူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ရေနစ်မျောပါ ပျောက်ဆုံးသွားတဲ့ ၃ ယောက်ကိုတော့ ရပ်နီးရပ်ဝေးမှာရှိတဲ့ လူမှုကူညီရေးအသင်းတွေ အချင်းချင်းချိတ်ဆက်ပြီး ရှာဖွေနေဆဲဖြစ်ပါတယ်။