အီဂျစ်ရဲများနဲ့ ကိုင်ရိုတက္ကသိုလ်ကျောင်းသားများ ပဋိပက္ခ ပြင်းထန်

ကိုင်ရိုတက္ကသိုလ်ကျောင်းသားတဦး ဆန္ဒပြပွဲတွေအတွင်း သေဆုံးခဲ့ရပြီး အီဂျစ်ရဲတွေနဲ့ တက္ကသိုလ်ကျောင်းသားတွေအကြား ပဋိပက္ခဟာ ပိုမိုပြင်းထန်လာပါတယ်။ Cairo 2ဒီဇင်ဘာ ၁၀ ရက် မနေ့က ကိုင်ရိုတက္ကသိုလ်ဆန္ဒပြပွဲမှာ တက္ကသိုလ်ကျောင်းသားတွေက ရဲတွေကို ကျောက်ခဲတွေ၊ ဓာတ်ဆီပုလင်းတွေနဲ့ ပစ်ခတ်ခဲ့ကြပြီး ရဲတွေကလည်း မျက်ရည်ယိုဗုံးတွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက အီဂျစ်စစ်တပ်က ရွေးကောက်ခံ သမ္မတ မိုဟာမက်မော်စီကို ဖြုတ်ချခဲ့ပြီး သူရဲ့ မွတ်စလင်ညီအကိုတော်များအဖွဲ့ကိုလည်း နှိပ်ကွပ်နေခဲ့ပါတယ်။ ဆန္ဒပြပွဲတွေကို ကန့်သတ်တဲ့ဥပဒေကို ပြငှာန်းခဲ့သော်လည်း ဆန္ဒပြပွဲတွေက ပိုမို ပြင်းထန်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက် အင်္ဂါနေ့က ဆန္ဒပြပွဲတွေအတွင်း ကျောင်းသားအနည်းဆုံး ၁၀ ဦး ဒဏ်ရာ ရရှိခဲ့ကြပြီး ရဲအချို့လည်း ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ သတိလစ်နေတဲ့ ရဲလုံခြုံရေးတဦးကို သယ်ထုတ်သွားတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

More News
Up