မုံးကိုးဒေသကို ဝင်လာသည့် စစ်ကောင်စီတပ်ကို MNDAA(ကိုးကန့်) တပ်က ကြားဖြတ်တိုက်ခိုက်

မြန်မာ- တရုတ်နှစ်နိုင်ငံနယ်စပ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟေးစန်းမြစ်ဆိပ်က‌ နေ သံလွင်မြစ်ကို ဖြတ်ကူးပြီး မုံးကိုးဒေသ ကိုဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကို မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA (ကိုးကန့်တပ်)က ဩဂုတ်လ ၁၃ ရက်နေ့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ပါတယ်။

လက်ရှိ မြန်မာ- တရုတ်နယ်စပ် မုံးကိုးဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေပြီး နှစ်ဖက် စစ်ရေးတင်းမာနေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မူဆယ်ခရိုင်၊ ပန်ဆိုင်း (ကြူကုတ်) မြို့အနီးမှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ MNDAAတို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူး၊ ဒုတပ်ခွဲမှူးအပါအဝင် ၅ ဦးသေဆုံးခဲ့ပြီး ဒေသခံ ရာနဲ့ချီပြီး စစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်း  MNDAA တပ်က ထုတ်ပြန်ထားပါတယ်။

ပန်ဆိုင်း(ကြူကုတ်)တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ အမြောက်ကျည် တရုတ်နိုင်ငံအတွင်းကျရောက်  အဆောင်အဦတစ်ခုကို ထိမှန်ပေါက်ကွဲခဲ့တာ‌ကြောင့် တရုတ်အစိုးရက စစ်ကောင်စီတပ်ကို  နောက်ထပ် တရုတ်ပိုင်နက်ထဲ ကျည်ဆန်ကျရင် လက်တုံ့ပြန်မယ်လို့ သတိပေးထားပါတယ်။

ကိုးကန့်တိုင်းရင်းသားတွေနဲ့ အ‌ခြေပြုဖွဲ့စည်းထားတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)ဟာ ၁၉၈၉ ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)ကနေ ခွဲထွက်ပြီး  မြန်မာစစ်အစိုးရနဲ့ ပထမဆုံး အပစ်ရပ်ငြိမ်းချမ်းရေးယူခဲ့တဲ့ တပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။

လက်ရှိ MNDAA (ကိုးကန့်)တပ်ဟာ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုအဖွဲ့ဝင်ဖြစ်ပြီး စစ်တပ်နဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မော်ထိုက်၊ တာရွှေထန်၊ ချင်းရွှေဟော်၊ ကွမ်လုံ၊ ကွတ်ခိုင်၊ မူဆယ်၊ မုံးစီး၊ မုံးကိုး၊ ဖောင်းဆိုင်ဒေသတွေမှာ ၂၀၁၅ ခုနှစ်ကနေစတင်လို့ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ကိုးကန့်ဒေသ၊ လောက်ကိုင်တိုက်ပွဲမှာ စစ်တပ်ရဲ့ တိုက်ခိုက်ရေး တပ်မတွေ ဖွဲ့စည်းပုံပျက်တဲ့အထိ အကျအဆုံးများခဲ့လို့ ဒေသအတွင်းလူသိများ ကျော်ကြားခဲ့တဲ့ တိုက်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up