လက်ကျန် နိုင်ငံရေးအကျဉ်းသားများ အချို့ ပြန်လွတ်
DVB
·
December 11, 2013
ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် လက်ကျန် နိုင်ငံရေးအကျဉ်းသား ၄၁ ယောက် လွတ်မြောက်လာပါတယ်။
အင်းစိန်ထောင်၊ သထုံထောင်၊ ပဲခူးထောင်၊ ပုသိမ်ထောင်၊ သာယာဝတီထောင်၊ ကော့သောင်းထောင်၊ မြစ်ကြီးနားထောင်၊ တောင်ငူထောင်နဲ့ ဘူးသီးတောင်ထောင် စတဲ့ အကျဉ်းထောင်အသီးသီးက နိုင်ငံရေး အကျဉ်းသား ၄၁ ယောက် ပြန်လည် လွတ်မြောက်လာတာ ဖြစ်ပါတယ်။
ပြန်လွတ်မြောက်လာတဲ့သူတွေထဲမှာ ပုဒ်မ ၁၈ နဲ့ အကျဉ်းကျခံနေရတဲ့သူတွေ များတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ဦးသက်ဦး က အခုလို ပြောပါတယ်။
“ပုဒ်မ ၁၈ နဲ့ ကျနေတဲ့ သူတွေ Generation Wave မိုးသွေး၊ ဒီငြိမ်းလင်း၊ သထုံထောင်က လေဘာ ကိုမြင့်စိုးတို့ ပြန်လည်လွတ်မြောက်လာပါတယ်။”
ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကို ဖျက်သိမ်းဖို့ ရှိကြောင်း သိရှိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား ၄၄ ယောက်ကျန်ရှိသေးတယ်လို့ သိရပါတယ်။