စစ်ကိုင်းတိုင်း တန့်ဆည်မြို့မှာ သြဂုတ် ၁၆ ရက်မနက်ပိုင်းက ဆေးဆိုင်ပိုင်ရှင်တစ်ဦး သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီနေ့မနက် ၉ နာရီလောက်မှာ တန့်ဆည်မြို့ မေတ္တာမြိုင်ရပ်ကွက်ထဲက ဇီဝက ဆေးဆိုင်ပိုင်ရှင် ကိုမျိုး ဆိုသူကို အမည်မသိလူ ၃ ဦးက သေနတ်နဲ့ ၃ ချက် လာရောက်ပစ်ခတ်ခဲ့တာကြောင့် အခင်းနေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
သူအစ်ကို ကိုကျော်ကျာ်မျိုးက ကြံ့ခိုင်ရေးကနေ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ပြိုင်ခဲ့ပြီး ညီဖြစ်သူ ကိုမျိုးက စစ်တပ်ကို သတင်းပေးတာတွေ လုပ်နေတယ်လို့ဆိုပြီး လာရောက် ပစ်သတ်သွားတာလို့ ဒေသခံတွေရဲ့အဆိုအရ သိရပါတယ်။
ဒီမနက်မှာလည်း တန့်ဆည်မြို့နယ် ဒေါင့်ကြီးကျေးရွာနားမှာ မနက် ၉ နာရီလောက် စစ်ကားနှစ်စီး မိုင်းဆွဲခံရပါတယ်။