စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ယာကြီး-ကလေးလမ်းနဲ့ မုံရွာ-အလုံ-ရေဦးလမ်းဆုံအနီး စစ်ကောင်စီတပ်တွေ လုံခြုံရေးယူထားတဲ့ စစ်ဆေးရေးဂိတ်အနီးမှာ သြဂုတ် ၁၆ ရက် ဒီမနက် ၁၀ နာရီ ၁၅ မိနစ်က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတချို့ ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။
မုံရွာမြို့မှာ ဩဂုတ် ၁၄ ရက်နေ့ကစပြီး နေရာအနှံ့ လုံခြုံရေး တင်းကျပ်ထားစဉ် ဗုံးကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဩဂုတ် ၁၅ ရက်ကလည်း မုံရွာမြို့လယ်ကောင် နာရီစင်အနီးနဲ့ နေရာတချို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။