အလုပ်ဖြစ်မယ့် အစီအစဉ်မရှိတော့ဘူးလားဟု အာဆယ်နယ်ကို ရဝမ်ဒါသမ္မတ မေးခွန်းထုတ်

အာဆင်နယ် အသင်းအနေနဲ့ အလုပ်ဖြစ်မယ့် အစီအစဉ်မရှိတော့ဘူးလာလို့ ရဝမ်ဒါသမ္မတ ပေါလ်ကာဂါမီက မေးခွန်းထုတ်လိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ တန်းတက်ဘရန့်ဖို့ဒ်ကို ၂ ဂိုး ဂိုးမရှိနဲ့ရူံးနိမ့် ခဲ့ရပြီး ခြေစွမ်းနဲ့ပတ်သက်ပြီး ရဝမ်ဒါသမ္မတက တွစ်တာကနေ ရေးသားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ပရိသတ်တွေဟာ ဒီလိုရလဒ်ဆိုးတဲ့ ထိုက်တန်တဲ့သူတွေမဟုတ်ကြောင်း၊ ပြောင်းလဲမှုတွေ ဖြစ်လာဖို့ကအလွန်ကြာမြင့်နေကြောင်းနဲ့  အသင်းရဲ့ အမာခံ ပရိတ်သတ်တစ်ဦးအနေနဲ့ ဒီလို ပြောတာဖြစ်ကြောင်း ရဝမ်ဒါ သမ္မတ ပေါလ်ကာမီဂါက ဝေဖန်ခဲ့တာပါ။

ဆက်လက်ပြီး " ဒီအခြေအနေအထိ အနိမ့်အမြင့်အတက်အကျတွေနဲ့ ရုန်းကန်လာခဲ့တာက ဆယ်စုနှစ်ချီနေပြီ။ ငါတို့ ဒီထက် ပိုအလုပ်ဖြစ်မယ့် အစီအစဉ်မ မရှိနိုင်တော့ဘူးလား။ အပြောင်းအရွှေ့စျေးကွက်ထဲမှာ ဘယ်လိုလှုပ်ရှားမလဲဆိုတာက အလုပ်ဖြစ်မယ့် ကိစ္စတစ်ခုပါ။ အသင်းတစ်သင်းက အနိုင်တစ်ခုတည်းအတွက်ပဲတည်ဆောက်ရမှာဖြစ်တယ်"လို့ ရဝမ်ဒါသမ္မတ ပေါလ်က တွစ်တာကနေဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဂျာစီလက်မောင်းမှာ Visit Rwanda အမှတ်တံဆိပ်က အသင်းရဲ့စပွန်ဆာတစ်ခုအနေနဲ့ ထောက်ပံ့ကူညီပေးထားတာဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up