ကွင်းတွင်း ခြင်းခတ်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း ရွှေတံဆိပ်ဆွတ်ခူး (ဓာတ်ပုံ)

901
ဒီဇင်ဘာလ ၁၀ ရက်နေ့က နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း (ဘီ) ရုံမှာ ကျင်းပပြုလုပ်တဲ့ ပိုက်ကျော်ခြင်း (Sepak Takraw) ခေါင်းစဉ်အောက်က ကွင်းတွင်း ခြင်းခတ် (Hoop Tarkaw) ပွဲမှာ မြန်မာအမျိုးသမီးအသင်းက ရွှေတံဆိပ် ဆွတ်ခူး ရရှိသွားပါတယ်။
အမျိုးသား ကွင်းတွင်းခြင်းခတ်ပွဲမှာတော့ ထိုင်းအသင်းက ရွှေတံဆိပ်ဆွတ်ခူးခဲ့ပြီး မြန်မာက ဒုတိယသာ ရရှိခဲ့ပါတယ်။
[gallery ids="48159,48160,48161,48162,48163,48164,48165,48166"]