မကွေးတိုင်းမှာ သြဂုတ် ၁၄ ရက်က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၄၂ ယောက်အထိ စံချိန်တင် သေဆုံးခဲ့ပြီး သေဆုံးသူ စုစုပေါင်း အယောက် ၇၀၀ အထိရှိလာပြီးလို့ စစ်ကောင်စီ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူအများစုဟာ အောက်ဆီဂျင်ကျပြီးတော့ လိုအပ်နေတဲ့ အောက်ဆီဂျင် အလုံအလောက် မရှိတာကြောင့် သေဆုံးရတာဖြစ်တယ်လို့ မကွေးမြို့က ပရဟိတအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို မကွေးမြို့ရှိ ဆေးရုံတွေက အောက်ဆီဂျင်အိုး ပါမှသာ လက်ခံကုသပေးပြီးတော့ ဂရုတစိုက် ကုသမပေးတာကြောင့် လူနာအများစုက မိမိနေအိမ်တွေမှာပဲ အောက်ဆီဂျင်အိုးအကူအညီတောင်းပြီး ဖြစ်သလို နေနေကြရတယ်လို့ ဆိုပါတယ်။
မကွေးတိုင်းအတွင်းမှာ သြဂုတ် ၁၄ ရက်နေ့က ကိုဗစ်အတည်ပြုလူနာ ၃၀၂ ယောက် တွေ့ရှိခဲ့ပြီးတော့ ပိုးတွေ့လူနာ စုစုပေါင်း ၁၅၀၀၀ ကျော်နဲ့ သေဆုံးသူပေါင်း ၇၀၀ အထိရှိတယ်လို့ သိရပါတယ်။