ထိုင်းဘုရင့်မြေး ဆီးဂိမ်း မြင်းအလှစီးပြိုင်ပွဲ ၀င်မည်
DVB
·
December 10, 2013
ထိုင်းဘုရင့်မြေးတော် မင်းသမီး သီရီဗင် နာဗရီ နာရီရတနာ (Sirivan-navari Nariratana) ဟာ ဒီဇင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်တို့မှာ ယှဉ်ပြိုင်မယ့် မြင်းအလှစီးပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး ဦးအေးချိုက ပြောပါတယ်။
အဲဒီ ပြိုင်ပွဲမှာ မြန်မာအပါအ၀င် ထိုင်းနဲ့ မလေးရှားစတဲ့ နိုင်ငံပေါင်း ၇ နိုင်ငံက မြင်းစီး အားကစာသမားတွေ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး မြန်မာနိုင်ငံက စီစဉ်ပေးထားတဲ့ မြင်းတွေနဲ့ပဲ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။
စီးရမယ့်မြင်းတွေကို မဲနှိုက် ရွေးချယ်ရမှာ ဖြစ်ပြီး မဲပေါက်တဲ့မြင်းကို စီးပြီး ပြိုင်ရမှာလည်း ဖြစ်ပါတယ်။
ထိုင်းဘုရင့်မြေးတော်ဟာ ဒီဇင်ဘာ ၉ ရက်ကတည်းက ပြိုင်ပွဲကျင်းပမယ့် နေပြည်တော်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။