Home
သတင်းတို
နိုင်ငံအလိုက် အကောင်းဆုံးဘဏ်ဆု ကမ္ဘောဇ ရ
DVB
·
December 10, 2013
ကမ္ဘောဇဘဏ်ဟာ လန်ဒန်အခြေစိုက် ဖိုင်နင်ရှယ်တိုင်းမ်သတင်းစာရဲ့ နိုင်ငံအလိုက် အကောင်းဆုံးဘဏ်ဆုကို ရရှိခဲ့ကြောင်း ဖိုင်နယ်ရှယ်တိုင်းမ် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ kambawza bankနိုင်ငံအလိုက် အကောင်ဆုံးဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ဆု ပေးအပ်ခဲ့ပေမယ့် မြန်မာနိုင်ငံ ကိုယ်စားပြု ပေးတာကတော့ အခုနှစ်မှ စတင်တာ ဖြစ်ကြောင်း၊ ဖိုင်နယ်ရှင်တိုင်းမ် ရဲ့ Banker မဂ္ဂဇင်းက ချီးမြှင့်ခဲ့တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ကမ္ဘောဇဘဏ်ရဲ့ ဒုဥက္ကဋ္ဌ ဦးသန်းလွင်ကတော့ မဂ္ဂဇင်းအယ်ဒီတာ ကိုယ်တိုင် မေးခွန်းတွေ အသေအချာ မေး၊ အချက်အလက်တွေ အသေအချာ ယူသွားပြီးမှ ဆုပေးတာ ဖြစ်ကြောင်း၊ နှစ်ပေါင်း ၂၀ အတွင်း ပထမဦးဆုံးရတဲ့ဆု ဖြစ်ကြောင်း၊ ကမ္ဘောဇဘဏ်ဆိုတာထက် မြန်မာနိုင်ငံက ဆုရတယ်လို့ပဲ သဘောထားကြောင်း ပြောပြပါတယ်။ ၂၀၁၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စွမ်းဆောင်ရည် အကောင်းဆုံးဘဏ်ဆုကိုတော့ အမေရိကန်နိုင်ငံက စီးတီးဘဏ်က ရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024