‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပညာရေးနဲ့ ကျန်းမာရေး၀န်ထမ်းတွေ ကိုဗစ်ကာကွယ်ဆေး မဖြစ်မနေထိုးရယ်လို့ ‘ဝ’ပြည်သွေးစည်းညီညီညွတ်ရေးပါတီ (UWSP)က သြဂုတ်လ၊ ၁၂ ရက်နေ့က ထုတ်ပြန်ပါတယ်။
သတ်မှတ် စည်းမျဉ်းစည်းကမ်းတွေ လိုက်နာခြင်းမရှိဘဲ ပထမအကြိမ် စစ်ဆေးတွေ့ရှိပါက ပညာပေးအနေနဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံစစ်ဆေးတွေ့ရှိပါက လူတစ်ဦးလျှင် ဒဏ်ငွေ တရုတ် ယွမ်ငွေ ၁၀၀၀ မှ ၃၀၀၀ အထိပေးဆောင်ရမယ့် အပြင် လုပ်ငန်းလိုင်စင်ပါ ပိတ်သိမ်းတဲ့အထိ အရေးယူမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကိုဗစ်ကြောင့် လမ်းပိတ်ထားသော ကာလအတွင်း ‘၀’ ဒေသသို့ တရားမ၀င်လမ်းကြောင်းမှတစ်ဆင့် ခိုး၀င်လာပါက ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်အထိ ချမှတ်မယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။
Sources: WSTV