ထိုင်းဝန်ကြီးချုပ်နှင့် စင်ကာပူဒုဝန်ကြီးချုပ် မြန်မာခရီးစဉ်ဖျက်သိမ်း

ဆီးဂိမ်းအြကိုဖွင့်ပဲွ ေလ့ကျင့်ေနစဉ် ြမင်ကွင်း
မြန်မာဆီးဂိမ်းဖွင့်ပွဲကို တက်ရောက်ဖို့   စီစဉ်ထားခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်နဲ့ စင်ကာပူ ဒုဝန်ကြီးချုပ်တို့ဟာ ထိုင်းနဲ့စင်ကာပူမှာ နိုင်ငံရေး မငြိမ်မသက်မှုတွေကြောင့် မြန်မာ ခရီးစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက  အတည်ပြုပြောပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့ နေပြည်တော်မှာ ကျင်းပဖို့ ရှိတဲ့  မြန်မာဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ပြိုင်ပွဲဝင်နိုင်ငံအားလုံးက  နိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ အားလုံးကို ဖိတ်ကြားခဲ့တာပါ။ [caption id="attachment_48112" align="alignright" width="300"]ဆီးဂိမ်းအကြိုဖွင့်ပွဲ လေ့ကျင့်နေစဉ် မြင်ကွင်း ဆီးဂိမ်းအကြိုဖွင့်ပွဲ လေ့ကျင့်နေစဉ် မြင်ကွင်း[/caption] ဒါပေမယ့် ထိုင်းဝန်ကြီးချုပ်နဲ့ စင်ကာပူ ဒုဝန်ကြီးချုပ်တို့ တက်ရောက် နိုင်ခြင်း မရှိကြောင်း အကြောင်းကြားလာတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနအောက်ရှိ ကောင်စစ်ရေးရာဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဦးက ပြောပါတယ်။ “ထိုင်းဝန်ကြီးချုပ် မစ် ယင်လပ်လည်း မတက်ရောက်နိုင်တဲ့အကြောင်း သူတို့ အကြောင်းကြား လာပါတယ်။ သူ့အစား အားကစားနဲ့ ပတ်သက်တဲ့ ပြည်ထောင်စု ဒုတိယ ၀န်ကြီး ချုပ်တက်ပါ့မယ်။ စင်ကာပူကတော့ ပထမတက်မယ် လုပ်ထားတဲ့ ဒုတိယ ၀န်ကြီးချုပ်က လောလောဆယ် သူတို့ နိုင်ငံရေးအခြေအနေအရ ၁၉ ရက်နေ့ မလာဖြစ်ဖူးလို့ အကြောင်းကြားတာ ခင်ဗျ။ လာမယ်၊ မလာဘူးဆိုတာ ကျနော်တို့ဆီ နောက်ဆုံး အကြောင်းမကြားသေးပါဘူး။” ထိုင်းနိုင်ငံဝန်ကြီးချုပ်အစား ဒုတိယ၀န်ကြီးချုပ် တက်ရောက်မယ်လို့ အကြောင်းပြန်ထားပြီး စင်ကာပူကတော့ ဘယ်သူတက်မယ်ဆိုတာ အကြောင်းမပြန်သေးဘူးလို့လည်း ပြောပါတယ်။ မြန်မာ့ရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ   နိုင်ငံရေး မငြိမ်မသက်မှုတွေနဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပြီး ထိုင်း ၀န်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်အစိုးရက ပါလီမန်ကို ဖျက်သိမ်းကာ ရွေးကောက်ပွဲသစ်တွေ ကျင်းပပေးမယ်လို့ ကြေညာထားရတာ ဖြစ်ပါတယ်။ အလားတူ စင်ကာပူနိုင်ငံမှာလည်း နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရုန်းရင်းဆန်ခတ် မီးရှို့အကြမ်းဖက်မှုတွေ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဆီးဂိမ်းဖွင့်ပွဲကို လာအိုနိုင်ငံသမ္မတ၊ တရုတ်နိုင်ငံ ဒုတိယ၀န်ကြီးချုပ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်တို့က အားကစားဝန်ကြီးတွေ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနဲ့ ဘရူနိုင်း နိုင်ငံတို့က အမျိုးသား အိုလံပစ်ကော်မတီရဲ့ ဥက္ကဋ္ဌတွေ တက်ရောက်ကြမှာ ဖြစ်ပြီး အရှေ့တီမောနိုင်ငံက မတက်ဘူးလို့ အကြောင်းပြန်ထားကြောင်းလည်း သိရပါတယ်။ လတ်တလော လာအိုသမ္မတကတော့ မြန်မာနိုင်ငံမှာ မနေ့ကတည်းက ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဆီးဂိမ်းဖွင့်ပွဲကို ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းမှာ  နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားကွင်းမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ပြည်တွင်းနဲ့ ပြည်ပ ပရိသတ် ၁ သောင်း ၆ ထောင် တက်ရောက်နိုင်တယ်လို့  သက်ဆိုင်ရာက တရားဝင်သတင်း ထုတ်ပြန် ထားပါတယ်။ နှစ်ပေါင်း ၄၀ ကျော်အတွင်း တကျော့ပြန် ကျင်းပတဲ့  ၂၇ ကြိမ်မြောက် မြန်မာ ဆီးဂိမ်းပြိုင်ပွဲမှာ အာဆီယံဒေသတွင်း ၁၁ နိုင်ငံက အားကစားသမားနဲ့ အဖွဲ့ဝင်တွေ သောင်းနဲ့ချီ တက်ရောက်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာကတော့ ပြည်ပက  မီဒီယာအပါအ၀င် ပရိသတ် ၈ ထောင်နဲ့ ပြည်တွင်းပရိသတ် ၈ ထောင် တက်ရောက် အားပေးနိုင်အောင် စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up