ဆီးဂိမ်း မွေကစားနည်းတွင် မြန်မာ့လက်ဝှေ့ကျော်များ ပါဝင်ယှဉ်ပြိုင်မည်

Photo by 27seagames2013.com
ဆီးဂိမ်းပြိုင်ပွဲဝင်  အားကစားနည်းဖြစ်တဲ့  ထိုင်းရိုးရာ  မွေလက်ဝှေ့ကစားနည်းမှာ နာမည်ကြီး  မြန်မာရိုးရာ လက်ဝှေ့သမားတွေက နိုင်ငံကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။ ထိုင်းနိုင်ငံရဲ့ ရိုးရာကစားနည်းဖြစ်တဲ့ မွေလို့ ခေါ်တဲ့ လက်ဝှေ့ကစားနည်းမှာ ၀င်ရောက် ယှဉ်ပြိုင်ထိုးသတ်ဖို့အတွက် အပြင်းစားလေ့ကျင့်ခန်းတွေကို လုပ်နေတဲ့ ၁၀ နှစ်သား အရွယ်ကတည်းက လက်ဝှေ့လောကမှာ ကျင်လည်ခဲ့တဲ့ မြန်မာကိုယ်စားပြု ကစားသမား ဦးထွန်းထွန်းမင်းနဲ့ ကစားသမားတွေ အပြင်းအထန် လေ့ကျင့်နေကြပါတယ်။ [caption id="attachment_48109" align="alignright" width="300"]Photo by 27seagames2013.com Photo by 27seagames2013.com[/caption] ၀ိတ်ကြီးတန်းဖြစ်တဲ့ ၇၅ ကီလိုတန်းမှာ ၀င်ရောက်ထိုးသတ်မယ့် နာမည်ကြီး  မြန်မာ့ရိုးရာ လက်ဝှေ့ကစားသမား စောငမန်းလည်း လေ့ကျင့်နေပါတယ်။ မွေအားကစားနည်းဟာ မြန်မာ့လက်ဝှေ့နဲ့ အနည်းငယ်ကွာခြားတဲ့အတွက် ကစားသမားတွေဟာ ၂၀၁၂ ခုနှစ် အစောပိုင်း ကာလတွေကတည်းက အသားကျအောင် လေ့ကျင့်နေကြရပါတယ်။ မွေကစားနည်းမှာ ပါဝင်မယ် အမျိုးသား ကီလိုတန်း  ၇ ခုနဲ့ အမျိုးသမီး ကီလိုတန်း ၄ ခုအတွက် စုစုပေါင်း ကစားသမား ၁၁ ဦးကိုလည်း အပြီးသတ် ရွေးချယ်ြပီး ဖြစ်ပါတယ်။ ခုချိန်မှာတော့ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုလည်း အားကောင်းနေပြီး ယှဉ်ပြိုင်ဖို့လည်း အသင့်ဖြစ်နေကြပါတယ်။ မွေကစားနည်းဟာ မြန်မာ့ရိုးရာလက်ဝှေ့နဲ့ ကွာခြားတာတွေကို ၇၁ ကီလိုတန်းမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ဦးထွန်းထွန်းမင်းက သူရဲ့အတွေ့အကြုံနဲ့ ယှဉ်ပြီး ခုလိုပြောပါတယ်။ “ကျနော်တို့ မြန်မာ့လက်ဝှေ့က ခေါင်းတွေဘာတွေ တိုက်လို့ရတယ်။ အစွပ်တွေဘာတွေ မပါဘူး။ ကိုယ်ခန္ဓာ သွတ်လပ်ပေါ့ပါးမှု ရှိတယ်။ သူက တကိုယ်လုံး အစွပ်နဲ့ဆိုတော့ ကျနော်တို့ အများကြီး အပင်ပန်းခံပြီး မွေထိုင်း လက်ဝှေ့ကို လေ့ကျင့်ခဲ့ရပါတယ်။ ဒီမွေထိုင်းလက်ဝှေ့က လက်သီးကို နည်းနည်းထိုးရတယ်။ ခြေထောက်ကို များများကန်ရတယ်။ ဒူးတွေ များများတိုက်ရတယ်။ အဲဒီမှာ ကျနော်တို့ အခက်အခဲ နည်းနည်းတွေ့ပါတယ်။” မွေလက်ဝှေ့ကစားနည်းအတွက် ခု ရွေးချယ်ထားတဲ့လူစာရင်းထဲမှာ  ပြည်ပ အတွေ့အကြုံ ရှိတဲ့ ကစားသမား အနည်းငယ် ပါဝင်ပြီး  ရွှေတံဆိပ်ဆုတွေကိုလည်း ရရှိခဲ့ဖူးကြတယ်လို့ ဆိုပါတယ်။ မွေကစားနည်းဟာ ထိုင်နိုင်ငံရဲ့ ရိုးရာကစားနည်း ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံဟာ မြန်မာအတွက် ပြိုင်ဘက်အသင်းတခု ဖြစ်သလို ဗီယက်နမ်နဲ့ လာအိုနိုင်ငံတွေကလည်း မြန်မာကစားသမားတွေ အတွက် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမယ့် နိုင်ငံတွေပါလို့ ကစားသမားတွေနဲ့ နည်းပြတွေက ပြောဆိုကြပါတယ်။ မွေထိုင်းကစားနည်းရဲ့ နည်းပြချုပ် ဦးကျော်စိုးက ရွှေဆု ရယူနိုင်မယ့်အကြောင်းတွေနဲ့ မြန်မာအသင်း ယှဉ်ပြိုင်ရမယ့် အခြေအနေတွေကို ခုလို ဆိုပါတယ်။ “ပြိုင်ဘက် ထိုင်းနဲ့ကတော့ ကျနော်တို့နဲ့ လေ့ကျင့်ပုံခြင်းး၊ ယှဉ်ပြိုင်ပုံခြင်းက တိုက်ခိုက်တဲ့ မူဟန်တွေက မကွဲပြားကြဘူး။ ဒါပေမယ့် ပြိုင်ပွဲဝင် ဟန်တွေမှာ စည်းမျဉ်း စည်းကမ်းက ကွာခြားတယ်။ ကျနော်တို့ ရိုးရာလက်ဝှေ့တွေက အလဲထိုး ပြိုင်ပွဲတွေပေါ့။ သူတို့က အမှတ်ပေး ပြိုင်ပွဲတွေနဲ့ ပြိုင်ပွဲကို အဆုံးအဖြတ် ရယူ ကြလေ့ရှိတယ်။ ဒီကစားသမားတွေအားလုံးမှာ သူတို့ရဲ့ အားသာတဲ့ လက်သီး၊ ဒူး၊ တံတောင်၊ ခြေထောက်၊ ခေါင်း အားလုံးကို အကာအကွယ်တွေ တပ်ဆင်ထားတဲ့အတွက် ကျနော်တို့အတွက်က အဆင်မပြေဘူး။ ကျနော်တို့ နိုင်ငံမှာလည်း မွေ လက်ဝှေ့အားကစားနည်းက ဖြစ်ပေါ်နေတဲ့ အားကစားနည်းမဟုတ်တဲ့အတွက် ပြိုင်ပွဲ အတွေ့အကြုံက အင်မတန်မှ နည်းတယ်။” ဒေါ်သူဇာဟန်ဟာ အရင်တုန်းကတော့ ပြေးခုန်ပစ် အားကစားသမားတဦးပါ ခုခါမှာ တော့ သူကို မွေလက်ဝှေ့အားကစားနည်းမှာ ယှဉ်ပြိုင် ထိုးသတ်ဖို့ ရွေးချယ်ထားပါတယ်။ သူဟာ မွေကစားနည်းကို စတင်ကစားတာ ခုဆို ၁ နှစ်ပဲ ရှိသေးပေမယ့် ဆီဂိမ်း အကြိုပြိုင်ပွဲတွေမှာ ရွှေတံဆိပ်တွေ ရယူပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ပြိုင်ဘက်အသင်းတွေကိုလည်း အနိုင်ရမယ်လို့ ယုံကြည်ချက် ပြင်းထန်နေပါတယ်။ အမျိုးသမီးတဦး ဖြစ်ပေမယ့် ကြမ်းကြမ်းတမ်းတမ်း ကစားရတဲ့ကစာနည်းတွေမှာ ၀င်ရောက်ကစားရတာဟာ မြန်မာပြည်မှာ ကျင်းပတဲ့ ဆီးဂိမ်းမှာ အားကစားနည်းတခု မဟုတ်ရင် တခုမှာ ၀င်ရောက် ပါဝင်လိုတဲ့ ရည်ရွယ်ချက်တွေနဲ့ပါလို့ ဆိုပါတယ်။ “ပင်ပန်းတာကတော့ မွေထိုင်းမှ မဟုတ်ပါဘူး။ ဘယ်အားကစားနည်းမဆို အကုန်လုံး ပင်ပန်းတယ်။ ဒီလိုပဲ ရွှေရဖို့၊ ကိုယ့်ဘ၀ကြီး ပြောင်းလဲဖို့အတွက် တနေ့ထက်တနေ့ ဆရာကောင်းတွေနဲ့ ကြိုးစားတာ ဒီထက်မက အများကြီး ကြိုးစားပြီး ရုန်းကန်ရပါတယ်။ ဒီလိုမျိုး ရွှေရခဲ့ဖူးတဲ့အတွက် ဒီထက်မက ပရိသတ်တွေကလည်း ချီးကျူးလာအောင် ဒီထက်မက ပိုပြီး ကြိုးစားဖို့ရာ ကိုယ့်စိတ်မှာ ဖိအားတခုဖြစ်နေတဲ့အတွက် ဒီထက်မက ကြိုးစားလေ့ကျင့်ပါတယ်။” မွေအားကစားနည်းဟာ မြန်မာ့ရိုးရာလက်ဝှေ့နဲ့ အနည်းငယ်ဆင်တူတဲ့ကစားနည်းဖြစ်ပြီး ယခင်က မွေထိုင်းကစားနည်းလို့ ခေါ်ဝေါ်ခဲ့ပါတယ်။ မွေအားကစားနည်းအတွက် ရွှေတံဆိပ် စုစုပေါင်း ၁၄ ခု ချီးမြှင့်မှာ ဖြစ်ပြီး ဒီကစားနည်းကို နေပြည်တော်က ၀ဏ္ဏသိဒ္ဓိ အားကစားခန်းမမှာ ဒီဇင်ဘာ ၁၅ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up