မင်ဒဲလား အောက်မေ့ဖွယ် ကမ္ဘာ့ခေါင်းဆောင် ၉၀ ကျော် တက်ရောက်

နယ်လ်ဆင်မင်ဒဲလား အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်ဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အပါအ၀င် ကမ္ဘာတလွှားက ခေါင်းဆောင်တွေ တောင်အာဖရိကနိုင်ငံက ဂျိုဟန်နက်စဘက်မြို့ကို ရောက်နေကြပါတယ်။ 640_2013_12_06_17_01_51ဒီအခမ်းအနား တက်ရောက်ဖို့ အမေရိကန်သမ္မတ ဘာရတ် အိုဘားမားအပါအ၀င် ကမ္ဘာ့ခေါင်းဆောင် အယောက် ၉၀ ကျော် ရောက်ရှိနေပါတယ်။ မစ္စတာဘန်ကီမွန်းနဲ့ ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးတို့ဟာ နယ်လ်ဆင် မင်ဒဲလားရဲ့အိမ်ကို ဒီဇင်ဘာ ၉ ရက်နေ့က အတူတူသွားခဲ့ကြပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့က ကွယ်လွန်ခဲ့တဲ့ မင်ဒဲလားရဲ့ရုပ်ကလာပ်ကို ဂျိုဟန်နက်စဘက် ဘောလုံးမြို့တော် အားကစားရုံကို ဒီဇင်ဘာ ၁၀ ရက်နေ့ မနက် သယ်ဆောင်မှာ ဖြစ်ပါတယ်။ အဲဒီ အခမ်းအနားကိုတော့ အမေရိကန်သမ္မတ ဘားရတ် အိုဘားမား၊ ကျူးဘားခေါင်းဆောင် ရာအူးလ်ကတ်စ်ထရို၊ ဇင်ဘာဘွေခေါင်းဆောင် ရောဘတ်မူဂါဘီ၊ ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ အပါအ၀င် အစိုးရအကြီးအကဲနဲ့ နိုင်ငံအကြီးအကဲ အယောက် ၇၀ ကျော်လည်း တက်ရောက်လာကြပါတယ်။ အာဖရိကရဲ့ ပထမဆုံး လူမည်းခေါင်းဆောင်ရဲ့ နောက်ဆုံးခရီးမှာ တောင်အာဖရိကရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကတော့ ကြီးကျယ်တဲ့ အခမ်းအနားအတွက် လုံခြုံရေးတွေ တိုးမြှင့် ထားပါတယ်။ ၀မ်းနည်းကြေကွဲနေသူတွေ အဆင်ပြေပြေ သွားလာနိုင်ဖို့ အခမဲ့ လူထု သယ်ယူ ပို့ဆောင်ရေး ၀န်ဆောင်မှုတွေကို စီစဉ်ပေးထားတယ်လို့ ဒေသ သတင်းတွေက ဆိုပါတယ်။ တောင်အာဖရိကနိုင်ငံသား အများအပြားကတော့ မိုးရွာနေပေမယ့် အခမ်းအနား ပြင်ဆင်ရာမှာ ကူညီဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့ကတည်းက အားကစားရုံကို သွားခဲ့ကြတာ ဖြစ်ပါတယ်။ “အားကစားရုံအပြင်မှာ ညလုံးပေါက်နေမယ်။ ဒီဈာပနအတွက် အလုပ်ဘယ်လောက် လုပ်ရ လုပ်ရ ပျော်တယ်လို့ လုပ်အားပေးတယောက်က ပြောပါတယ်။ မင်ဒဲလားဟာ တောင်အာဖရိကမှာ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ ဆယ်စုနှစ်တွေနဲ့ချီတဲ့ ရုန်းကန် တိုက်ပွဲဝင်မှုကို ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လှုပ်ရှားမှုအတွက် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံခဲ့ရပါတယ်။ ၁၉၉၀ ခုနှစ်မှာ ထောင်က လွတ်ပြီးတဲ့နောက် သူဟာ အာဖရိကရဲ့ ပထမဆုံး လူမည်းသမ္မတရာထူးကို ၁၉၉၄ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ တောင်အာဖရိကနိုင်ငံကို တရားမျှတတဲ့ ဒီမိုကရေစီစနစ်အဖြစ် ငြိမ်းငြိမ်းချမ်းချမ်း အသွင်ကူးပြောင်းရေးကို ဦးဆောင် လမ်းပြမှုအတွက် မင်ဒဲလားဟာ ကျယ်ကျယ်ပြန့်ပြန့် ဂုဏ်ပြုခံခဲ့ရသူလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up