Live
Home
မြန်မာသတင်း
ကရင်အာဇာနည်နေ့ တိုကျိုတွင် ကျင်းပ
DVB
·
August 12, 2021

၇၁ နှစ်မြောက် ကရင်အာဇာနည်နေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားနဲ့ အာဏာသိမ်း စစ်အုပ်စုအား ရှုတ်ချကန့်ကွက်ပွဲကို တိုကျိုမြို့ရှိ ကုလသမဂ္ဂအဆောက်အအုံရှေ့မှာ   ဩဂုတ်လ ၁၁ ရက်က ကျင်းပပါတယ်။

အခမ်းအနားကို ပြည်ပရောက်ကရင်အမျိုးသားများ (OKO)  ဂျပန်အဖွဲ့က  ဦးဆောင် ကျင်းပတာဖြစ်ပြီး ဂျပန်နိုင်ငံရောက် တိုင်းရင်းသားအဖွဲ့အစည်း ပေါင်းစုံ  တက်ရောက်ခဲ့ကြပါတယ်။

OKO ဂျပန်အဖွဲ့က စောဖလုံက “ကရင်တမျိုးသားလုံးအတွက် အသက်ပေးကြိုးစားခဲ့ကြတဲ့ ကရင်အာဇာနည်ခေါင်းဆောင် စောဘဦးကြီးအပါအဝင် တိုင်းပြည်အတွက် အသက်ပေးစွန့်လွှတ်ခဲ့ကြသူတွေကို ဦးညွတ်ဂုဏ်ပြုချင်လို့၊ အစဉ်မမေ့လျော့ကြောင်းပြသချင်လို့ အခုလို ကျင်းပရတာပါ” လို့ပြောပါတယ်။

နွေဦးတော်လှန်ရေးမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ကြိုးစားရင်အားလုံးမျှော်မှန်းနေတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို အမြန်ဆုံးရောက်နိုင်ငံမယ်လို့လည်း စောဖလုံက ပြောပါတယ်။

လူငယ်တဦးဖြစ်တဲ့ စောဖိုးခွါးကတော့ နိုင်ငံနဲ့အများပြည်သူအတွက် အသက်ပေးစွန့်လှူသူများသာ အာဇာနည်အဖြစ် အသိအမှတ်ပြုကြမှာဖြစ်ပြီး လူတစုအတွက် အသက်ပေးနေကြတဲ့ အာဏာရှင်မြန်မာစစ်တပ်က အသက်ပေးသူများကတော့ အာဇာနည်အဖြစ် အသိအမှတ်ပြုခံရမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

တိုကျိုက ကရင့်အာဇာနည်နေ့ကို မြန့်အရေးစိတ်ဝင်စားတဲ့ ဂျပန်လူမျိုးများအပါအဝင် ဂျပန်ရောက် မြန်မာတိုင်းရင်းသား ၂၀၀ နီးပါး လာရောက်ခဲ့ကြပါတယ်။

သတင်း- ဓာတ်ပုံ- ဇော်ဇော်လှိုင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024