မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဃ) ရပ်ကွက်၊ ၁၁၇ လမ်းနဲ့ ၆၂ လမ်း ပတ်ဝန်းကျင်မှာ ဩဂုတ် ၁၁ ရက် မနက် ၆ နာရီကျော်လောက်က အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါယ်။
(ဃ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ လုံခြုံရေး ကျနေတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ကို ဆိုင်ကယ်နဲ့ လူ ၂ ယောက်က သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်တပ်ကလည်း ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အနီးပတ်ဝန်းကျင်ရှိ ဒေသခံတစ်ဦးက “မနက်အစောကြီး ပစ်ခတ်သံတွေကြားတာပဲ။ အဲ့ဒီနောက်လူနာတင်ကားရောက်လာပြီး စစ်ကားတွေပါ ရောက်လာတယ်။ လမ်းတွေ ပိတ်တာလည်း လုပ်ထားတယ်” လို့ ပြောပါတယ်။
အပြန်အလှန်ပစ်ခတ်မှုကြောင့် အာဏာသိမ်းစစ်ကောင်စီ တပ်သားတစ်ဦး ယာဘက်နံကြား ကျည်မှန်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။