မြန်မာ ၁ – ၁ တီမော (ပထမပိုင်း)

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု ဘီရဲ့ ပွဲစဉ် မြန်မာအမျိုးသားဘောလုံး အသင်းနဲ့ အရှေ့တီမောအသင်းတို့ ဒီနေ့ သုဝဏ္ဏ ဘောလုံးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမပိုင်းအပြီးမှာ နှစ်ဖက် ၁-၁ ဂိုးနဲ့ သရေကျနေပါတယ်။ unnamedမြန်မာနဲ့ တီမောအသင်းတို့ဟာ ပွဲစစချင်း နှစ်ဖက်အပြန်လှန် ထိုးဖောက်ကစားခဲ့ကြသလို ပွဲကလည်း ကြည့်ကောင်းခဲ့ပါတယ်။ ၁၂ မိနစ် ၃၄ စက္ကန့်မှာတော့ မြန်မာဘက်က တီမောဂိုးဧရိယာ အရှေ့နားမှာ ပြစ်ဒဏ်ဘောရှိခဲ့ပြီး ကျော်ဇေယျာဝင်း ကန်သွင်းရာမှာ ဂိုးဝင်ခဲ့ပါတယ်။ ၁၈ မိနစ် ၄၂ စက္ကန့်မှာ မြန်မာအသင်း ပြစ်ဒဏ်ဘော ထပ်မံရရှိခဲ့ပြီး ကန်သွင်းခဲ့ပေမယ့် ဂိုးဘားပေါ် ကျော်သွားခဲ့ပါတယ်။ ၂၂ မိနစ်မှာ ကွင်းလယ်ကစားသမား ဒေးဗစ်ထန်း တကိုယ်တော်ပြေးဆွဲပြီး ကန်သွင်းခဲ့ပေမယ့် ဂိုးရဲ့ ညာဘက်ဘေးကနေ ထွက်သွားပါတယ်။ ၃၂ မိနစ်မှာ မြန်မာဘက်က နေလင်းထွန်း တီမောကစားသမားကို ပြစ်ဒဏ်ဘော ကျူးလွန်လို့ အ၀ါကတ် အပြခံခဲ့ရပါတယ်။ ၃၃ မိနစ်မှာ တီမောအသင်းက ရရှိတဲ့ ထောင့်ကန်ဘောကို ခေါင်းတိုက်သွင်းပေမယ့် ဂိုးတိုင်ဘေးကနေ ကပ်ထွက်သွားခဲ့ပါတယ်။ ၃၅ မိနစ်မှာ မြန်မာအသင်းဘက်က တိုက်စစ်မှူး ကျော်ကိုကို ညာဝင်းကနေဆွဲပြေးပြီး တီမောနောက်ခံလူကိုလိမ်ခေါက် ကန်သွင်းပေမယ့် ဂိုးဘားပေါ် ကျော်သွားခဲ့ပါတယ်။ ၃၆ မိနစ်မှာတော့ တီမောအသင်းဘက်က ခြေပဂိုး ပြန်လည်သွင်းယူခဲ့ပါတယ်။ ၄၀ မိနစ် ၃၀ စက္ကန့်မှာ မြန်မာအသင်းဘက်က ကျောနံပါတ် ၇ ဂိုးရှေ့တည့်တည့် ကန်သွင်းခွင့်ရပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့လို့ မြန်မာအသင်း နစ်နာခဲ့ရပါတယ်။ ဒီနောက် နှစ်ဖက်အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြပြီး ပထမပိုင်း ပြီးဆုံးသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up