ဧပြီလတွင် ရခိုင်အမျိုးသားညီလာခံ ကျင်းပမည်

ရခိုင်အမျိုးသားညီလာခံ ကျင်းပနိုင်ရေးအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရခိုင်အမျိုးသား ခေါင်းဆောင်တွေ ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး  ဒီဆွေးနွေးပွဲအပြီးမှာ ၂၀၁၄ ခုနှစ် ဧပြီလ နောက်ဆုံးအပတ်မှာ ရခိုင်အမျိုးသားညီလာခံ ကျင်းပဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။ Saw Mya Yar Zar Linဒီတွေ့ဆုံဆွေးနွေးပွဲမှာ ရခိုင်နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ လူမှုအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲအတွင်း ဘာတွေ ဆွေးနွေးဆုံးဖြတ်ခဲ့လဲဆိုတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) က အလုပ်အမှုဆောင် ကော်မတီလည်းဖြစ်၊ ရခိုင်အမျိုးသမီးဥက္ကဋ္ဌလည်းဖြစ်တဲ့  ဒေါ်စောမြရာဇာလင်းနဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up