စစ်ကိုင်းတိုင်း ကောလင်းမြို့အဝင် ကြူတောစစ်ဆေးရေးဂိတ်အနီးမှာ ဩဂုတ် ၉ ရက်နေ့ မနက် ၉ နာရီလောက်က ဗုံးခွဲခံရပြီး ဒုရဲအုပ် ၁ ဦးသေဆုံးကာ ရဲတပ်သား ၃ ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦးက “ဒီနေ့ ဩဂုတ်လ ၉ ရက်နေ့ မနက် ၉ နာရီလောက်မှာ ပေါက်ကွဲမှု ၂ ကြိမ် ဆက်တိုက်ပေါက်ကွဲဖြစ်တယ်။ ကျနော်တို့ ကောလင်းမြို့ဝင်ဂိတ်နားမှာပေါက်တာ။ ခဏနေတော့ ကူညီကယ်ဆယ်ရေးကားတွေနဲ့ လာသယ်တာတွေတော့ မြင်ရတယ်။ အနီးကပ်တော့ သွားမကြည့်ရဲဘူး” လို့ ပြောပါတယ်။
ပေါက်ကွဲမှုမှုာ ဒုရဲအုပ် အောင်မျိုးသန့် ဆိုသူ သေဆုံးသွားပြီး ရဲတပ်သားမျိုးနိုင်၊ ရဲတပ်သားသိန်းထက်အောင်၊ ရဲတပ်သားကျော်ဇေယျတို့ ၃ ဦး ဗုံးစမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ကောလင်းရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ကောလင်းမြို့အဝင် ကြူတောဂိတ်အဝင် ဖောက်ခွဲမှုအား ဘယ်အဖွဲ့အစည်းက ပြုလုပ်သွားတယ်ဆိုတာ အတိအကျမသိရသေးပါဘူးလို့ ဆိုပါတယ်။