ကချင်ပြည်နယ်၊ ပူတာအို တပ်ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူနေကြတဲ့ ပူတာအိုဒေသခံ ပြည်သူတွေအနေနဲ့ တစ်ညကို ၅၀,၀၀၀ ကျပ် ပေးဆောင်ရကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
စစ်ဆေးရုံကိုတက်ရောက်ခဲ့ရတဲ့ လူနာရှင်တစ်ဦးက “ပူတာအိုတပ်ဆေးရုံမှာ တစ်ညပဲအိပ်ပြီး နောက်မနက်ဆင်းလိုက်တာ ၅၀,၀၀၀ကျပ် ကျတယ်ဆိုလို့ ပေးလိုက်ရတယ်။ ဘာမှလည်း ထွေထွေထူးထူးတော့ လုပ်ပေးတာမရှိဘူး ညစ်ဆေးတစ်ဘူးပဲ ချိတ်ပေးလိုက်တာပါ။ ပုံမှန်အတိုင်းဆို သူတို့တောင်းသလောက်လည်း ပေးနိုင်ပါတယ်၊ ခုက ပြည်သူတွေ အခက်ခဲဖြစ်တဲ့အချိန်ဆိုတော့ မတတ်နိုင်ဘူးလေ "လို့ ပြောပါတယ်။
ပူတာအိုမှာ ခရိုင်ဆေးရုံကြီးကို ကိုဗစ်-၁၉ ကုသဆောင်အဖြစ်သီးသန့် အသုံးပြုကာ ကျန်တဲ့ရောဂါနဲ့ဖျားနာသူတွေအကုန်လုံးကို တပ်ဆေးရုံသို့ လွဲထားကြောင်း သိရပါတယ်။
ကချင်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၂၁၈ ယောက်ရှိပြီး သေဆုံးသူ ၁၁ ယောက်ရှိကာ ပူတာအိုခရိုင်ထဲမှာတော့ အတည်ပြုလူနာ ၁၅ ယောက်နဲ့ သေဆုံးသူတော့ မရှိသေးဘူးလို့ စစ်ကောင်စီကျန်းမာရေးဌာနက ဩဂုတ် ၈ ရက်ညက ထုတ်ပြန်ထားပါတယ်။