မဒီမုန်တိုင်း အားပျော့သွားပြီ – ဦးချစ်ကျော်
DVB
·
December 9, 2013
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မဒီဟာ သိသိသာသာ ရွှေ့လျားခြင်း မရှိတော့ဘဲ အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့ရဲ့ အရှေ့ အရှေ့မြောက်ဘက်မိုင် (၂၆၀) ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်-အနောက်တောင်ဘက် မိုင် ၅၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။
အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ မြောက်ဘက်ကို ဖြည်းညင်းစွာ ဆက်လက်ရွှေ့လျားပြီး ဆိုင်ကလုန်း မုန်တိုင်း အဖြစ်သို့ အားလျော့သွားမှာ ဖြစ်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒက ထုတ်ပြန်ထားပါတယ်။
ဒီမုန်တိုင်းဟာ မြန်မာနိုင်ငံအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်သလဲဆိုတာနဲ့ ပတ်သက်ပြီး မိုးလေ၀သနဲ့ ဇလဗေဒဌာနက ဦးချစ်ကျော်နဲ့ ဆက်သွယ်မေးမြန်းထားတာ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။