စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီ လက်နက်ကိုင်တပ်တွေက အင်္ကျီအနီရောင်ဝတ်ဆင်ထားတဲ့ အမျိုးသားလေးဦးကို ဩဂုတ် ၈ ရက် မနက် ၇ နာရီက ကြိုးတုပ်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
မျက်မြင်တစ်ဦးက “စစ်ကောင်စီတပ်သားတွေ မုံရွာမြို့ ဆားကျင်းသုသာန်အနီးမှာ အမျိုးသား ၄ ဦးကို အင်္ကျီအနီရောင်ဝတ်လို့ ကြိုးတုပ်ဖမ်းဆီးတယ်။ သူတို့ရဲ့လက်ကိုင်ဖုန်းတွေ စစ်ဆေးပြီး ဖမ်းဆီးခေါ်သွားတာ တွေ့ရတယ်” လို့ ပြောပါတယ်။
မုံရွာမြို့ နေရာတော်တော်များများမှာ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက ဒီနေ့ စစ်ဆေးတာတွေ ပြုလုပ်တယ်လို့ သိရပါတယ်။
သြဂုတ် ၈ ရက်နေ့ ကျရောက်တဲ့ ရှစ်လေးလုံးအရေးတော်ပုံ ၃၃ နှစ်ပြည့် အထိမ်းအမှတ် အနီရောင်ကမ်ပိန်းနဲ့ Eight fingers strike ကမ်ပိန်း ပြုလုပ်နေကြတာပါ။