စင်ကာပူတွင် အဓိကရုဏ်းဖြစ်၊ ၂၇ ဦးကို ဖမ်းဆီး

စင်ကာပူနိုင်ငံမှာ ဒီဇင်ဘာ ၈ ရက် တနင်္ဂနွေနေ့ ညဦးပိုင်း ဖြစ်ခဲ့တဲ့ အဓိကရုဏ်းနဲ့ ပတ်သက်လို့ သံသယရှိသူ ၂၇ ယောက်ကို ဖမ်းဆီးထားတယ်လို့ အာဏာပိုင်တွေက ဒီနေ့ တနင်္လာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ Riot policemen watch burning vehicles during a riot in Singapore's Little India districtအိန္ဒိယနဲ့ ဘင်္ဂလားဒေးရှ်နိုင်ငံက ဆောက်လုပ်ရေးအလုပ်သမားတွေရဲ့ ဆုံဆည်းရာ အိန္ဒိယရပ်ကွက် (Little India)ဆိုတဲ့ နေရာမှာ အသက် ၃၃ နှစ်အရွယ် အိန္ဒိယနိုင်ငံသားတယောက် ကားတိုက်သေဆုံးခဲ့တဲ့ အဖြစ်အပျက်ကို အကြောင်းပြုပြီး ဖြစ်ခဲ့တဲ့ အဓိကရုဏ်း ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ လူ ၄၀၀ လောက် အဓိကရုဏ်းထဲမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ ရဲကား ၅ စီးနဲ့ အရေးပေါ် လူနာတင်ယာဉ် ၁ စင်း  ပျက်စီးသွားသလို တခြား ကိုယ်ပိုင်ကား တော်တော်များများလည်း ထိခိုက် ပျက်စီးခဲ့ပါတယ်။ အဓိကရုဏ်းကို ထိန်းသိမ်းဖို့ ရောက်သွားတဲ့ ရဲအရာရှိ ၃၀၀ ထဲက ၁၀ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ကားသမားလည်း ဒဏ်ရာရခဲ့ပြီး ဆေးရုံတင်ထားရပါတယ်။ ည ၁ နာရီမှာ အခြေအနေအားလုံးကို ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ရဲက ဆိုပါတယ်။ ဒါဟာ တရားဥပဒေစိုးမိုးမှုနဲ့ နာမည်ကျော်တဲ့ စင်ကာပူမှာ ဆယ်စုနှစ်နဲ့ ချီပြီး မတွေ့ရတဲ့ လမ်းပေါ်က ၀ရုန်းသုန်းကားမှု ဖြစ်တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ အခု ဖြစ်ပွားခဲ့တဲ့ အရေးအခင်းကြောင့် လခနည်းအလုပ်သမားတွေကြားမှာ မကျေနပ်ချက်တွေ ပေါ်ပါက်လာမှာကို စိုးရိမ်နေကြပါတယ်။ မနှစ်ကလည်း တရုတ်နိုင်ငံသား ဘတ်စ်ကားမောင်းဆရာ ၁၇၀ ကျော် သပိတ်မှောက်ခဲ့တာကြောင့် စင်ကာပူနိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း အကြီးဆုံး အလုပ်သမား မတည်ငြိမ်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒုဝန်ကြီးချုပ်ကတော့ ဥပဒေကို လေးစားလိုက်နာမယ်ဆိုရင် စင်ကာပူနိုင်ငံမှာ အလုပ် လာလုပ်လို့ ရပါတယ်။ ဒါပေမယ့် အကြမ်းဖက်ရမ်းကားတာကိုတော့ သည်းခံမှာ မဟုတ်ဘူးလို့ သတိပေးလိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up