၂၀၁၄ မြန်မာ့စီးပွားရေးတိုးနှုန်း ၇ ရာခိုင်နှုန်း ရှိမည်

နိုင်ငံတကာ ေငွေြကးရန်ပံုေငွအဖဲွ့ အိုင်အမ်အက်ဖ်ရဲ့ ဥက္ကဋ္ဌ မစ္စစ် ခရစ်စတင်းလာဂတ်ဒ်
အိုင်အမ်အက်ဖ်ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံအနေနဲ့ လာမယ့် ၂၀၁၄ ကျရင် စီးပွားရေး ၆ ဒဿမ ၈ ရာခိုင်နှုန်း တိုးတက်မယ် ခန့်မှန်းထားပေမယ့် ၇ ရာခိုင်နှုန်းအထိ တိုးတက် နိုင်ကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အိုင်အမ်အက်ဖ်ရဲ့ ဥက္ကဋ္ဌ မစ္စစ် ခရစ်စတင်းလာဂတ်ဒ် (Ms Christine Lagarde) က ပြောပါတယ်။ [caption id="attachment_47990" align="alignleft" width="300"]နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အိုင်အမ်အက်ဖ်ရဲ့ ဥက္ကဋ္ဌ မစ္စစ် ခရစ်စတင်းလာဂတ်ဒ် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အိုင်အမ်အက်ဖ်ရဲ့ ဥက္ကဋ္ဌ မစ္စစ် ခရစ်စတင်းလာဂတ်ဒ်[/caption] ဒီဇင်ဘာ ၇ ရက် ရန်ကုန် ချက်ထရီယံဟိုတယ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပြီး စီးပွားရေးတိုးတက်မှု မျှော်မှန်းချက် ပြည့်မီဖို့ ဆိုရင် မက်ခရိုစီးပွားရေး မူဝါဒ ကောင်းမွန်ဖို့၊ တိုင်းပြည်တည်ငြိမ်ဖို့နဲ့ ငွေကြေးမူဝါဒတွေကို ဗဟိုဘဏ်က လွတ်လပ်စွာကိုင်တွယ်ခွင့်ရှိဖို့၊ ဘဏ်စနစ်တွေ အသက်ဝင် ကောင်းမွန်ဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ သီလ၀ါ အထူးစီးပွားရေးဇုန် စတင်နိုင်မှု၊ ရေနံလုပ်ကွက်တွေမှာ နောက်ထပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထပ်မံ ၀င်ရောက်လာမှုတွေကြောင့် ခုလို စီးပွားရေး တိုးတက်မှုနှုန်းကို ၇ ရာခိုင်နှုန်းအဖြစ် ခန့်မှန်းရတာလို့ သူက ရှင်းပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up