ကလေးမြို့တွင် စားသောက်ကုန်သွားယူသည့် ပြည်သူ ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီး
DVB
·
August 7, 2021
စစ်ကိုင်းတိုင်း ကလေးမြို့မှာ သြဂုတ် ၇ ရက် မနက်ပိုင်းက စားသောက်ကုန်သွားယူတဲ့ ပြည်သူ ၇ ဦးကို စစ်ကောင်စီတပ်က မတရားဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကလေးမြို့ မင်္ဂလာဥယျာဉ်ရပ်ကွက်ကို စစ်ကောင်စီတပ်တွေ မနက် ၉ နာရီကျော်လောက်က ရောက်လာပြီး ဒေသခံပြည်သူ ၇ ယောက်ကို မတရားဖမ်းဆီသွားတာလို့ မြို့ခံ တစ်ယောက်က ပြောပါတယ်။
အဲဒီအဖမ်းခံရတဲ့ သူတွေဟာ ဆန္ဒပြပွဲတွေမှာလည်း ပါဝင်တာမရှိဘဲ စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို အခြေခံစားသောက်ကုန်တွေ ထောက်ပံ့ပေးတဲ့နေရာမှာ စားသောက်ကုန်တွေ သွားယူကြတဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။