ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ဩဂုတ် ၅ ရက်နေ့က ကိုဗစ်-၁၉ လူနာ ၂ ယောက် သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၂၈ ယောက်ရှိလာပါတယ်။
ကိုဗစ်-၁၉ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ သေဆုံးသူမရှိခဲ့ဘဲ အခု တတိယလှိုင်းမှာမှ သေဆုံးတာတွေ ရှိလာတာပါ။
ဩဂုတ် ၃ ရက်၊ ၄ ရက်နဲ့ ၅ ရက်တို့မှာ စစ်ဆေးချက်တွေအရ အတည်ပြုလူနာ ၅ ယောက် တွေ့ပြီး စုစုပေါင်း အတည်ပြုလူနာ ၂၄၆ ယောက်ရှိပါတယ်။
ဆေးရုံမှာ လက်ရှိ ကုသခံနေသူပေါင်း ၁၉ ယောက် ကျန်သေးတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
သံတွဲမှာ ကိုဗစ်ကူးစက်ခံရသူတိုင်း ဆေးရုံသွားမကုကြဘဲ ပြင်းထန်လူနာတွေသာ သွားကြတာဖြစ်ပြီး အများစုကတော့ အိမ်တွေမှာပဲ နေထိုင်ကုသကြတာလို့ ဒေသခံတွေက ပြောပါတယ်။