Live
Home
မြန်မာသတင်း
ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် SNA ရှမ်းနီတပ်မတော် တိုက်ပွဲဖြစ်
DVB
·
August 6, 2021

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ဟဲဖက်ကျေးရွာမှာ သြဂုတ် ၅ ရက်က စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်မတော် (SNA) တို့  တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သြဂုတ် ၅ ရက် နေ့လယ်ပိုင်းက ၃ နာရီကြာဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၄ ဦး ထိခိုက်ကျဆုံးတာရှိခဲ့ပြီး သူတို့ဘက်ကတော့ ထိခိုက်ကျဆုံးတာ မရှိဘူးလို့ SNA အရာရှိတစ်ဦးက ပြောပါတယ်။

တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဟုမ္မလင်းမြို့နယ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ SNA တို့ တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024