ညောင်ဦးမြို့အနီး မြေငလျင်လှုပ်
DVB
·
August 5, 2021
မန္တလေးတိုင်း၊ ညောင်ဦးမြို့အနီးမှာ သြဂုတ် ၅ ရက် ညနေက အင်အားရစ်ချ်တာစကေး ၃ ဒသမ ၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ဒီနေ့ညနေ ၅ နာရီ ၂၄ မိနစ်ကျော်လောက်က ညောင်ဦးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၁၁ မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း ညောင်ဦးမြို့ရဲ့ အနောက်မြောက်ဘက် ၁၁ မိုင်ခန့်အကွာ အနက် ၇၃ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားတာလို့ ဆိုပါတယ်။