Live
Home
မြန်မာသတင်း
ကိုဗစ်ရောဂါသုံး ပစ္စည်းများ နွယ်အေးဗလီတွင် စျေးသက်သာစွာ ရောင်းချပေးနေ
DVB
·
August 5, 2021

ရန်ကုန်တိုင်း ဒေါပုံမြို့နယ်က နွယ်အေးစွန္နီဂျာမေဗလီ လူမှုကူညီရေးအသင်းက ကိုဗစ်ရောဂါကုသရေးမှာ လိုအပ်တဲ့၊ အောက်စီဂျင်၊ အောက်စီမီတာ၊ ဖလိုးမီတာတွေကို ဗလီအတွင်းမှာ ကောင်တာတွေဖွင့်ပြီး ဈေးသက်သာစွာနဲ့  ရောင်းပေးနေပါတယ်။

အပြင်ပေါက်စျေး ၂ သောင်းခွဲရှိတဲ့ အောက်စီမီတာကို ကျပ်ခြောက်​‌ထောင်နဲ့ရောင်းသလို၊ အပြင်ပေါက်စျေး တသိန်းကျပ်ဝန်းကျင် ဖြစ်နေတဲ့ ဖလိုးမီတာကိုလည်း ၃ သောင်းကျပ်နဲ့ ရောင်းနေတာဖြစ်ပါတယ်။ 

ကိုဗစ်စစ်တဲ့ text kit နဲ့အောက်စီဂျင်တွေကိုလည်း စျေးသက်သာစွာ ဝယ်ယူနိုင်အောင် ရောင်းပေးနေပြီး  ကျန်တိုင်းနဲ့ပြည်နယ်တွေမှာလည်း ရောင်းချမှုတွေ စတင်နေပြီလို့ နွယ်အေးစွန္နီဂျာမေဗလီလူမှုကူညီရေးအသင်း အတွင်းရေးမှူး ဦးဇော်မင်းလတ် က ပြောပါတယ်။ 

“အဓိကကတော့ ကျနော်တို့ နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ကိုဗစ်ကိစ္စမှာ တချို့ စီးပွားရေး လုပ်ငန်းရှင်တွေက ဒီဈေးနှုန်းတွေကို မတန်မတရား ဈေးတွေတင်ပြီး ရောင်းချနေတာကို တွေ့ရတယ်။ ဒီလိုဈေးတွေ မတရားရောင်းချနေတာကို တချို့ဆင်းရဲသားတွေက လုံးဝ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်နေရတယ်။ ဒါကြောင့် ကျနော်တို့ ဈေးတခုကို တန်ရာတန်ကြေးဖြစ်အောင် ကျနော်တို့အဖွဲ့တွေ တိုင်ပင်ပြီးတော့ ကျနော်တို့ ဒီဈေးနှုန်းကို မူလဈေးအတိုင်း ပြန်ရအောင် ကျနော့်မိတ်ဆွေ သူငယ်ချင်း စီးပွားရေးလုပ်ငန်းရှင်တစုနဲ့ ကျနော် အကူအညီတောင်းပြီးတော့ မူလသွင်းထားတဲ့ပစ္စည်းတွေကို ကျနော်တို့ မူလဈေးနဲ့ရအောင်၊ ကျနော်တို့ တနိုင်ငံလုံးတပြေးညီဖြစ်အောင် ကျနော်တို့လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ”

ကိုဗစ်ရောဂါကို ရင်ဆိုင်ရာမှာ အခုလို ဆောင်ရွက်ချက်ဟာ ပြည်သူလူထုအတွက်၊ အထူးသဖြင့် နွမ်းပါသူတွေအတွက် အထောက်အပံ့အများကြီး ဖြစ်စေနိုင်မှာဖြစ်ပါတယ်။

ဒီလိုဈေးသက်သက်သာသာရဲ့ ကိုဗစ်ရောဂါ အတွက် အသုံလိုတဲ့ပစ္စည်းတွေကို ရန်ကုန်အပါအဝင် ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကိုလည်း ပို့ဆောင်နေပြီး ဈေးနှုန်းတခုထဲနဲ့ တပြေးညီဖြစ်အောင် ရောင်းချပေးနေကြောင်းလည်း ပြောပါတယ်။ 

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024